အပိုင်း(၃၈)

1.8K 87 0
                                    

Unicode

လဲ့ယောင်တစ်ယောက် အမွှာနှစ်ယောက်၏အခန်းသို့ရောက်လာခဲ့တော့သည်။ လူငယ်တွေဖြစ်သည့်အလျောက် အမွှာနှစ်ယောက်ရဲ့အခန်း၌ စက်ရုပ်၊ဂိမ်းစက်များနှင့်အခြားခေတ်လူငယ်စတိုင်ပစ္စည်းများဖြင့်ပြည့်နေတော့သည်။ ဒါကိုကြည့်ပုံအရ ဝမ်ချူးလင်ကသူ့သားတွေအပေါ်အပြစ်ပေးကြမ်းသော်လည်း ကောင်းကောင်းမွန်မွန်တော့ထားသေးတာပဲ။

လဲ့ယောင်မှာအခန်းအလယ်မှာယောင်တောင်တောင်လေးမတ်တပ်ရပ်နေစဥ် ရုတ်တရက်ဆိုသလို ဝမ်ရှောင်လင်းကသူ့အရှေ့မှာအဝတ်အစားတွေချွတ်လာလေသည်။

လဲ့ယောင်တစ်ယောက်လန့်ဖြန့်သွားကာ ထစ်ထစ်အအဖြင့်တုန့်ပြန်သံပေးတော့သည်။

"မင်း..မင်း..မင်းဘာလုပ်တာလဲ!!"

"ဟို အဝတ်အစားချွတ်နေတာလေ"

ဝမ်ရှောင်လင်း၏ပြန်ဖြေသံမှာပကတိအပြစ်ကင်းစက်လှကာ ရိုးသားလွန်းလှသည်။ မသိရင် လဲ့ယောင်၏မေးခွန်းကပင် အထူးအဆန်းဖြစ်နေတော့သည်။

"အာ..ကျွန်တော်သင်တန်းကပြန်လာတာလေ..ချွေးတွေနဲ့ညစ်ပတ်နေပြီမလို့ ရေချိုးမလို့ပါ"

ဝမ်ရှောင်လင်းကလဲ့ယောင်သူ့ကိုအထင်လွဲတော့မည့်အခိုက်အတန့်မှာ အမြန်ဆုံးရှင်းပြလိုက်လေသည်။ ထိုအခါမှ လဲ့ယောင်တစ်ယောက်လည်း ဒီဖြေရှင်းချက်ကအခြေအမြစ်ရှိသည်ဟုတွေးကာ လက်ခံလိုက်ပြီး အခြားဖက်သို့လှည့်လိုက်ကာ..

"ဒါဆိုလည်း ရေချိုးခန်းထဲသွားတော့လေ"

"ဟုတ်ကဲ့ပါ ကော!"

ခြေသံဖွဖွနဲ့အတူရေချိုးခန်းတံခါးဖွင့်သံနှင့်ပိတ်သံကိုပါသူကြားလိုက်ရတော့သည်။ထိုအခါမှ လဲ့ယောင်တစ်ယောက်သက်ပြင်းချလိုက်ပြီး လုပ်စရာမရှိတာကြောင့် အခန်းထဲသို့လိုက်ပတ်ကြည့်ကာစပ်စုနေတော့သည်။ မုန့်သွားယူသောဝမ်ရှောင်ဟန်ကလည်းပြန်ရောက်လာပြီး လဲ့ယောင်အတွက်မုန့်များနှင့်အတူဂိမ်းစက်ထုတ်ပေးကာ ဂိမ်းအတူကစားဖို့ပြင်ဆင်တော့သည်။

"ကော..အဲခလုတ်ကခုန်တာလေ၊ မဟုတ်ဘူး..အဲအကောင်ကိုသတ်ပစ်!ကော..အဲဒါကခုန်တာပါဆို!ကောရေ..ရန်သူကကောကိုပစ်နေပြီလေ..။ ဟုတ်တယ်..ပြန်ပစ်!သတ်ပစ် အဲကောင်ကို!ကောကောရေ..ရန်သူထပ်လာနေပြီ။ ပြေးသင့်ရင်ပြေးလိုက်..ကောမင်းသွေးနည်းနေပြီ သွေးဖြည့်လိုက်ဦး..ကော!ရန်သူပစ်နေပြီ သွေးဖြည့်!မင်းသေတော့-!အာ..!"

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Where stories live. Discover now