အပိုင်း(၂၉)

1.7K 91 1
                                    

Unicode

"လဲ့ယောင်..အဖေသိတယ်။ခင်ဗျားနဲ့လင်းလင်းကြားကကိစ္စရော..ကျွန်တော်နဲ့ခင်ဗျားဖြစ်ခဲ့တာကိုရောသူအကုန်သိတယ်။"

ဝမ်စစ်ယွီဆီမှထွက်လာသောစကားတို့ကြောင့် လဲ့ယောင်မည်သို့တုန့်ပြန်ရမည်မသိပဲ ငေးကြောင်နေမိသည်။ ထိုနောက် လဲ့ယောင်ဟာမယုံကြည်နိုင်စွာခေါင်းကိုခါယမ်းလိုက်ပြီးတော့ ဝမ်စစ်ယွီကိုပြန်ပြောလိုက်သည်။

"မဖြစ်နိုင်တာ..မင်းလိမ်နေတာမလား။တကယ်လို့ အန်ကယ်သာဒါတွေကိုသိရင် သူဒီတိုင်းနေ-"

လဲ့ယောင်စကားမဆုံးသေးခင်မှာ ဝမ်စစ်ယွီကဖြတ်ပြီးပြောလိုက်သည်။

"ခင်ဗျားမျက်လုံးထဲမှာ ကျုပ်အဖေကိုလူကြီးလူကောင်းတစ်ယောက်လို့မြင်နေပေမဲ့ တကယ်တမ်းကျကျုပ်အဖေကကောင်းမွန်တဲ့လူတစ်ယောက်ဟုတ်မနေဘူး။ လင်းလင်းကခင်ဗျားကိုကစားတာကိုလည်းသူသိတယ်။ ခင်ဗျားကိုကျုပ်rapeတာကိုလည်းသူသိတယ်။ဒါပေမဲ့ ကြည့်လေ ဒါတွေအားလုံးကိုသူသိနေတာတောင် ကျုပ်တို့ကိုကြီးကြီးမားမားအပြစ်မပေးဘူး။သူ့သမီးကိုလည်းအပြစ်မတင်ဘူးလေ..ခင်ဗျားဒီလောက်ခံစားနေရတာတောင် နှစ်သိမ့်တာတွေရှိလို့လား။ ခင်ဗျားသူ့ကိုပြောလည်း သူကခင်ဗျားကိုတကယ်ပဲကူညီပေးမယ်ထင်လို့လား.."

"....."

"ကျုပ်..ကိုယ့်အဖေအပေါ်မကောင်းမပြောချင်ပေမဲ့ ခင်ဗျားကကျုပ်အဖေကိုအရမ်းကောင်းမွန်တဲ့လူလို့ထင်နေလို့..အမှန်ပြောပြတာ။ ဒီအိမ်မှာကျုပ်တစ်ယောက်ထဲမကောင်းတဲ့လူမဟုတ်ဘူးဆိုတာသိသင့်တယ်"

လဲ့ယောင်မှာသွေးပျက်လို့နေပြီး သူ့ရဲ့မျက်နှာကဖြူဖျော့လာတော့သည်။ သူတကယ်ကိုပဲဘယ်လိုမိသားစုမျိုးနဲ့ပတ်သတ်မိလိုက်တာလဲ။ လဲ့ယောင်ဟာဒေါသလည်းထွက်ကာ အလွန်ခံပြင်းလို့နေတော့သည်။

ထိုနောက် လဲ့ယောင်တစ်ယောက်အိပ်ခန်းအပြင်ဖက်သို့ခြေလှမ်းကျဲတို့ဖြင့်ထွက်သွားလိုက်သည်။

"လဲ့ယောင် ဒါကဘယ်သွားမလို့လဲ!"

ဝမ်စစ်ယွီဟာလည်းလဲ့ယောင်အနောက်မှပြေးလိုက်သွားတော့သည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Donde viven las historias. Descúbrelo ahora