အပိုင်း(၃)

5.5K 288 6
                                    

{ My Girlfriend' Family }

-------------------------------------
Unicode

နောက်တစ်နေ့မနက်တွင် လဲ့ယောင်နိုးလာတော့သည်။ သူ့ရဲ့မျက်လုံးတို့ကိုပွတ်သပ်လိုက်ပြီးနောက် ခြောက်ကပ်နေသည့်နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်စဥ် ရရှိလိုက်တဲ့ထူးဆန်းတဲ့အရသာကြီးကြောင့် လဲ့ယောင်မျက်မှောင်ကလေးကျုံ့သွားသည်။လဲ့ယောင်မျက်နှာလေးကိုရှုံ့မဲ့လိုက်ပြီး ကုတင်ပေါ်မှဆင်းကာရေချိုးခန်းထဲသို့ပြေးဝင်သွားလိုက်ပြီး မျက်နှာသစ်စင်ထဲသို့တံတွေးထွေးပစ်လိုက်သည်။

'ငါမနေ့ကစတော်ဘယ်ရီပဲစားခဲ့တာပါ။အခုကဘာအရသာကြီးလဲ'

လဲ့ယောင်ဟာစိတ်ထဲမသိုးမသန့်ဖြစ်သွားလျက် သူ့ရဲ့နှုတ်ခမ်းတို့ကိုအကြိမ်ကြိမ်ရေဖြင့်ပွတ်သပ်ဆေးကြောပစ်လိုက်ပြီးနောက် သွားတိုက်မျက်နှာသစ်ပြီးတော့ သူ့အဝတ်အစားတို့ကိုပြန်လဲဝတ်ဆင်ကာ အခန်းထဲမှထွက်လာလိုက်သည်။ ဖုန်းကနာရီကိုကြည့်လိုက်တဲ့အခါ 8:00နာရီထိုးနေပြီဖြစ်တာကြောင့် သူအလုပ်နောက်ကျနေပြီဖြစ်ကာ သူ့ချစ်သူလေးကိုလိုက်ရှာရန်ပြင်လိုက်သည်။

ဘာလို့ လင်းလင်းကသူ့ကိုလာမနှိုးတာလဲဟူ၍တွေးနေရင်း သူလှေကားထစ်တွေမှအောက်ထပ်သို့ဆင်းလာစဥ် ဒီအိမ်ရဲ့အလုပ်သမားဖြစ်ပုံရသည့် လူငယ်တစ်ယောက်ကသူ့ကိုမြင်တော့ အရိုအသေပေးကာပြောလာသည်။

"အကိုလေးနိုးလာပြီလားခင်ဗျ။ သခင်ကြီးနဲ့သခင်လေးတို့ကမနက်စာစားဖို့အတွက် အကိုလေးကိုစောင့်နေကြပါတယ်။ဒီဘက်ကိုကြွပါခင်ဗျ"

"ဟုတ် ဟုတ်ကဲ့။ကျေးဇူးပါ.."

လဲ့ယောင်မှာထိုအလုပ်သမားလေး၏သူ့အပေါ်"အကိုလေး"ဟုသုံးနှုန်းဟန်ကြောင့် အနေရခက်သွားသည်။

လဲ့ယောင်မှာထိုအလုပ်သမားလေးအနောက်သို့လိုက်သွားရင်း သူ့ကြောင့်နဲ့လင်းလင်းတို့မနက်စာနောက်ကျနေတော့မည်ဟု အားနာစိတ်ဝင်သွားမိတော့သည်။

သူရောက်လာတဲ့အခါမှာ မျက်လုံးအများကြီးကသူ့ကိုစိုက်ကြည့်လာကြသည်။ ဝမ်လီရှန်းကလဲ့ယောင်ဟာ သူတို့ကိုကြည့်၍မထိုင်ပဲနဲ့ မတ်တပ်ရပ်နေတာမြင်တော့ ပြုံးလိုက်ပြီးသူ့ဘေးမှာလာထိုင်ရန်ဖိတ်ခေါ်လိုက်သည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Nơi câu chuyện tồn tại. Hãy khám phá bây giờ