အပိုင်း(၄၁)Finale

4.7K 174 5
                                    

Unicode

လဲ့ယောင်တစ်ယောက်လှဲနေရာမှထထိုင်လိုက်ပြီး ဝမ်လင်းလင်းကိုကြောင်ကြည့်နေမိသည်။ ညသန်းခေါင်းကြီးရောက်လာတာက သူ့ကိုလာကယ်ထုတ်ခြင်းတဲ့လား။ ဝမ်လင်းလင်းကတံခါးဝကိုလှည့်ကြည့်လှည့်ကြည့်လုပ်ကာ လဲ့ယောင်ကိုအမြန်လုပ်ဖို့လှုံ့ဆော်လိုက်သည်။

"လဲ့ယောင်ကော အမြန်သွားကြရအောင်။"

"...အင်း"

လဲ့ယောင်ကခေါင်းညိတ်လိုက်ပြီး ခုတင်ပေါ်မှဆင်းလိုက်သည်။ ထိုနောက် ဝမ်လင်းလင်းအနောက်ကိုလိုက်သွားလေတော့သည်။ ဝမ်လင်းလင်းကတိတ်တဆိတ်ဖြင့်လဲ့ယောင်ကိုအနောက်ဖေးတံခါးပေါက်မှနေပြီး အပြင်သို့ခေါ်ထုတ်လာတော့သည်။ ခြံအပြင်တွင် ဝမ်လင်းလင်း၏ချစ်သူကောင်မလေးကကားထဲ၌ထိုင်ကာစောင့်နေလေသည်။

လဲ့ယောင်ကိုကြည့်လာသည့်သူ(မ)မျက်ဝန်းတစ်စုံ၌စတွေ့စဥ်ကလိုမျိုး မကြည်ဖြူခြင်းနှင့်မလိုမုန်းထားတို့မရှိနေတော့ပဲ ပကတိကြည်လင်လို့နေလေသည်။ ဝမ်လင်းလင်းကLover seatမှာအမြန်ဝင်ထိုင်လိုက်ပြီး သူ(မ)ချစ်သူအားမည်မျှထိစိတ်လှုပ်ရှားဖို့ကောင်းကြောင်းပြောလိုက်မိသည်။

လဲ့ယောင်ဟာကားထဲသို့မဝင်ခင် စံအိမ်တော်ကြီးအားလှည့်ကြည့်မိသည်။ သူနောက်ဆုံးတော့ ဒီနေရာကြီးရဲ့အပြင်ထိထွက်လာနိုင်ခဲ့ပြီပဲ။ သူထိုယောကျာ်းတွေဆီကနေတကယ်ပဲလွတ်မြှောက်တော့မည်။ ဒါပေမဲ့ ဘာလို့သူ့စိတ်တွေကတက်ကြွမှုမရှိပဲ လေးလံနေရတာလဲ။

"လဲ့ယောင်ကော..ကားထဲအမြန်ဝင်တော့လေ။ညီမတို့သွားကြမယ်!"

ဝမ်လင်းလင်းအသံကြောင့် လဲ့ယောင်သတိချပ်လိုက်ပြီး သူ့ကိုယ်သူသတိပေးလိုက်သည်။
'မင်းကိုမတရားပြုကျင့်ခဲ့တဲ့လူတွေဆီကမင်းလွတ်မြှောကိတော့မှာနော်၊ မင်းပျော်ရွှင်ရမှာပေါ့။'

အဲဒီနောက် လဲ့ယောင်လည်းကားထဲသို့ဝင်ထိုင်လိုက်တော့၏။ ဝမ်လင်းလင်း၏ချစ်သူကောင်မလေးကလည်း လဲ့ယောင်ကားထဲသို့ဝင်ထိုင်လိုက်သည်နှင့်တပြိုင်နက် ကားစက်နှိုးလိုက်ပြီး စတင်မောင်းထွက်ခွာတော့သည်။

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: May 07 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Tahanan ng mga kuwento. Tumuklas ngayon