အပိုင်း(၄)

5K 282 7
                                    

{My Girlfriend's Family}

-------------------------------------

Unicode

နောက်တစ်နေ့တွင် လဲ့ယောင်ဟာသူ့အဝတ်အစားထုတ်ကိုသယ်ကာ သူ့ချစ်သူ၏စံအိမ်တော်သို့ပြန်ရောက်လာတော့သည်။ တက္ကစီသမားကိုပိုက်ဆံပေးလိုက်ပြီး လဲ့ယောင်ဟာခြံတံခါးရှိဘဲလ်ကိုတီးလိုက်သည်။ အလုပ်သမားတစ်ယောက်ကချက်ချင်းရောက်လာပြီး သူ့ကိုမြင်တော့ခြံတံခါးဖွင့်ပေးလာသည်။

"အကိုလေးရောက်လာပြီလားဗျ..အထုတ်အပိုးတွေ ကျွန်တော့်ကိုပေးပါ"

"နေပါစေ ကျွန်တော်ပဲသယ်လိုက်ပါမယ်။အများကြီးလည်းမဟုတ်ပါဘူး"ဟုလဲ့ယောင်မှာအားနာစွာဖြင့် ငြင်းဆန်လိုက်သည်။သူ့အနေဖြင့် ဒီလူတွေကသူ့ရဲ့အလုပ်သမားတွေမဟုတ်သလို၊အလုပ်သမားဖြစ်ခဲ့ရင်တောင် သခင်လေးတစ်ယောက်လိုမောက်မာစွာဖြင့် ကိုယ်သယ်နိုင်သည့်အဝတ်အထုတ်ကိုသယ်ဖို့ခိုင်းစေမှာမဟုတ်ဘူး။

သို့သော် အလုပ်သမားကအတင်းသူ့လက်ထဲကအထုတ်အပိုးတို့ကိုယူသွားပြီး သူ့ကိုလည်းပြုံးကာပြောလာသည်။

"မဖြစ်ပါဘူးဗျ..နည်းနည်းများများ အထုတ်အပိုးသယ်ပေးရမှာ ကျွန်တော့်ရဲ့အလုပ်ပါဗျ။အဲအလုပ်မှမလုပ်ရင် ကျွန်တော်လစာဘယ်ရမလဲဗျာ။နောက်ပြီးတော့ သခင်ကြီးနဲ့သခင်လေးတို့ကလည်း အကိုလေးကိုဒီအိမ်ရဲ့သခင်တစ်ယောက်လိုဆက်ဆံဖို့မှာကြားထားပါတယ်"

"ဘယ်လို?"

လဲ့ယောင်မှာနောက်ဆုံးစကားကြောင့် အံ့သြမိသွားသည်။ သူကအလုပ်သမားလေးဘေးမှလျှောက်လာရင်း ခေါင်းယမ်းလိုက်ကာပြောလိုက်သည်။

"ဒီအိမ်ရဲ့သခင်??မဟုတ်တာ..ကျွန်တော်ကဒီမိသားစုနဲ့ဘာမှမသက်ဆိုင်သေးတာကို.."

"တချိန်ချိန်မှာသက်ဆိုင်တော့မှာပဲမဟုတ်ဘူးလား အကိုလေးရဲ့၊ အကိုလေးက သခင်မလေးရဲ့ချစ်သူဆိုတာမမေ့နဲ့လေဗျ"ဟုအလုပ်သမားလေးကပြုံးတုံ့တုံ့ဖြင့် လဲ့ယောင်ကိုမော့ကြည့်ကာပြန်ပြောသည်။

လဲ့ယောင်ဟာခပ်ယောင်ယောင်လေးပြုံးလိုက်ပြီး စိတ်ထဲ၌ပြောလိုက်သည်။
'မဟုတ်မှလွဲရော မနေ့ကငါ့စကားတွေကိုကြွေပြီး လင်းလင်းနဲ့သဘောတူလိုက်ပြီများလား!'

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Wo Geschichten leben. Entdecke jetzt