အပိုင်း(၂၈)

1.8K 120 6
                                    

Unicode

ဝမ်စစ်ယွီရဲ့နှာခေါင်းတို့ကနီရဲလို့နေပြီး မျက်ဝန်းတို့ကရဲတွတ်လို့နေသည်။ သူဟာအခုထိနှာတရှုံ့ရှုံ့နှင့်ဖြစ်နေသေးသည်။ သူ့အဖေဆီမှ"လဲ့ယောင်ကိုအခုချက်ချင်းသွားပြီးတောင်းပန်"ဆိုသည့်အမိန့်ကြောင့် သူဟာလဲ့ယောင်၏အခန်းရှေ့တွင်ရပ်နေခြင်းဖြစ်သည်။ သူဟာတောင်းပန်ဖို့အတွက်တွန့်ဆုတ်နေခြင်းမဟုတ်ပဲ လဲ့ယောင်ခွင့်မလွှတ်ပေးမှာကိုကြောက်တာကြောင့်ဖြစ်သည်။

..ဒါပေမဲ့ မင်းလဲ့ယောင်ကိုတောင်းပန်ရမှာပဲ။ မင်းရဲ့လူမဆန်တဲ့လုပ်ရပ်ကြောင့် လဲ့ယောင်မင်းကိုမုန်းတီးမှာကိုမမြင်ချင်ရင် လဲ့ယောင်ဖက်ကခွင့်လွှတ်မှုမရမချင်း မင်းဒူးထောက်ပြီးတောင်းပန်ရင်တောင်တောင်းပန်ရမယ်..

..လဲ့ယောင်ကခွင့်မလွှတ်ရင်ရော..အဲလိုတောင်းပန်တာတောင်လုံးဝခွင့်မလွှတ်ရင်တော့ အဲအချိန်ကျရင်မင်းသူ့ကိုအခန်းသာပိတ်ပစ်လိုက်တော့။ မင်းကိုမုန်းတာထက်မင်းကိုကြောက်သွားအောင်လုပ်ပစ်!မင်းလိုချင်တာ မင်းအနားမှာသူအမြဲရှိနေဖို့ပဲမဟုတ်ဘူးလား..

..အဲလိုသွားမလုပ်နဲ့!မင်းသာသူ့ကိုတကယ်ချစ်ရင် လဲ့ယောင်နာကျင်မဲ့ကိစ္စမျိုးဘယ်တော့မှမလုပ်သင့်ဘူး။ မင်းအဲလိုလုပ်လိုက်ရင် မင်းသူ့အချစ်ရော၊ခန္ဓာကိုယ်ရောမရနိုင်ပဲ သူ့အလောင်းပဲရသွားလိမ့်မယ်။မင်းကသူသတ်သေသွားမှာကိုမြင်ချင်လို့လား..

..မဟုတ်ဘူး၊အကျဥ်းပစ်တာအကောင်းဆုံးပဲ။သူသတ်သေသွားရင်လည်း သူ့ဝိညာဥ်ကိုအကျဥ်းချပစ်!မဟုတ်လည်း မင်းပါလိုက်သေပြီး သူ့ကိုဝိညာဥ်ဘဝနဲ့လုပ်ပစ်..

...မဟုတ်ဘူး။ခွင့်လွှတ်မှုမရမချင်းတောင်းပန်..သူဖြစ်ချင်တာတွေကိုဖြစ်ခွင့်ပေးလိုက်!သူလုပ်ချင်တာကိုခွင့်ပြုလိုက်...

...အကျဥ်းချပစ်..

..လွတ်လပ်ခွင့်ပေးလိုက်..

...အကျဥ်းချ!..

..လွတ်လပ်ခွင့်!!..

သူ့ရဲ့အကောင်းနဲ့အဆိုးစိတ်တို့ကခေါင်းထဲတွင် အငြင်းအခုံလုပ်လို့နေကြသည်။ ဝမ်စစ်ယွီဟာသူ့ခေါင်းသူပိတ်ရိုက်လိုက်ပြီးနောက် သက်ပြင်းချလိုက်ကာ သူ့ကိုယ်သူပြင်ဆင်လိုက်သည်။ထိုနောက် အခန်းတံခါးကိုခေါက်လိုက်ပြီး အသံပေးလိုက်သည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Donde viven las historias. Descúbrelo ahora