အပိုင်း(၃၇)

1.6K 105 0
                                    

(Unicode)

ဝမ်ချူးလင်ကမီးဖိုချောင်ထဲအကြာကြီးအလုပ်ရှုပ်နေခဲ့သည်။နောက်ဆုံးမှာတော့ သူကအငွေ့တထောင်းထောင်းထနေသော ပန်းကန်လုံးတစ်လုံးကိုင်ဆောင်ကာ အပေါ်ထပ်သို့တက်သွားတော့သည်။ဒါကိုလည်း ဝမ်ချူးလင်ကိုစောင့်ကြည့်နေသော ဝမ်စစ်ယွီကမြင်လိုက်သည်။ ဝမ်စစ်ယွီကသူ့အဖေဘာယူသွားသလဲမသိသော်လည်း သူ့စိတ်ထဲမှာတော့ဒါဟာဆန်ပြုတ်ပဲဖြစ်ရမည်ဟုတွေးလိုက်သည်။

'သောက်ကျိုးနည်း..အဖေကလဲ့ယောင်အတွက်မီးဖိုချောင်ထဲတောင်ဝင်ပြီးကိုယ်တိုင်ဆန်ပြုတ်ပြုတ်ပေးတယ်တဲ့လား!ငါ့မျက်လုံးနဲ့သာမမြင်မိရင် ယုံကြည်လိုက်မှာတောင်မဟုတ်ဘူး'

ဒီအကြောင်းကိုဝမ်လီရှန်းအားစာပို့ကာအသိပေးလိုက်တော့သည်။ သူမယုံကြည်နိုင်ဖြစ်ရသည့်ခံစားချက်ကို ဝမ်လီရှန်းကိုလည်းခံစားရစေချင်သည်။ သူတစ်ယောက်ထဲတော့မခံစားနိုင်ဘူး။

ဝမ်စစ်ယွီကအပေါ်ထပ်သို့တက်သွားဖို့ပြင်လိုက်သည်။ ဒါပေမဲ့ အောက်ထပ်သို့ပြန်ဆင်းလာသောသူ့အဖေနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်ရလေသည်။

"စစ်ယွီ..အတော်ပဲ..ငါနဲ့လိုက်ခဲ့!"

"ဗျာ..ဘာလို့လဲဗျ!..ကျွန်တော်ဒီနေ့ဘာအမှားမှမလုပ်ထားဘူးနော်!"

ဝမ်စစ်ယွီမှာသူ့အဖေကသူ့ကိုအပြစ်ပေးချင်လို့ခေါ်တာဟုပဲထင်လိုက်ကာ သူ့ကိုယ်သူခုခံလိုက်သည်။ ဝမ်ချူးလင်ကမျက်မှောင်ကြုတ်လိုက်ပြီး သူ့သားကိုစိတ်မရှည်သောလေသံဖြင့်ပြောလိုက်သည်။

"မင်းတနေ့တနေ့အိမ်မှာအလေလိုက်နေလို့ အလုပ်တစ်ခုလုပ်ရအောင်မင်းကိုခေါ်သွားမလို့..ဘာတွေထင်နေတာလဲ။လာ သွားမယ်!"

"အာ ကျွန်တော်အဆင်ပြေပါတယ်။ အလုပ်မလုပ်ပဲနေရတာပျော်ဖို့ကောင်းတယ်လေ.."

ဝမ်ချူးလင်ကသူ့သားကိုအေးစက်စက်အကြည့်ပေးလိုက်သည်။

"အပိုစကားမပြောပဲ ငါ့နောက်လိုက်ခဲ့စမ်း!"

"ဟုတ်ကဲ့ပါ အဖေ"

ဝမ်စစ်ယွီလည်းသူ့အဖေဒေါသကိုကြောက်တာကြောင့် အဆုံးမှာကလန်ကဆန်မလုပ်ရဲတော့ပဲ သူ့အဖေနောက်သို့လိုက်သွားတော့သည်။ သူ့မှာလဲ့ယောင်သူ့အဖေအခန်းထဲမှာအမှန်တကယ်ရှိနေမရှိနေကိုအတည်ပင်မပြုနိုင်တော့ချေ။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Où les histoires vivent. Découvrez maintenant