အပိုင်း(၁၂)

2.4K 178 4
                                    

Unicode

"နုံအချင်ယောင်ဟန်ဆောင်ပြမနေပါနဲ့..မင်းတို့လိုကောင်မျိုးတွေကိုငါတွေ့ဖူးနေကျနော်..ဖြူစင်ချင်ယောင်ဆောင်ပြီး ချူစားနေကြတာ..။လီရှန်းကောနားကိုလာကပ်တဲ့မင်းလိုကောင်မျိုးတွေကို ငါပဲမောင်းထုတ်ပေးခဲ့တာ သိလား"

Liliဟာလဲ့ယောင်အားအထင်သေးစွာကြည့်၍ ရိုင်းစိုင်းစွာပြုမူပြောဆိုတော့သည်။ လဲ့ယောင်မှာပထမတော့ကြောင်အမ်းနေခဲ့သော်လည်း နောက်တော့ကိုယ်မဟုတ်ပဲစော်ကားမော်ကားပြောဆိုခံနေရတဲ့အတွက် စိတ်တိုလို့လာရသည်။ ဒီလူငယ်လေးကသူ့ထက်ငယ်ရွယ်ပုံရပြီး သူ၏ရှင်းပြချက်ကိုပင်နားမထောင်ပဲ ထင်ရာတွေဖြင့်ရိုင်းပြစွာပြောဆိုနေတော့သည်။

"ဒီမှာ မင်းအထင်လွဲနေပြီ။ ဝမ်လီရှန်းနဲ့ငါကမင်းပြောနေသလိုမျိုးဆက်ဆံရေးမဟုတ်ဘူး.."

Liliကလဲ့ယောင်၏ရှင်းပြချက်ကိုမယုံကြည်ချေ။ သူကနှုတ်ခမ်းကိုမဲ့ပစ်လိုက်ပြီး..

"လာပြီးအပိုတွေရှင်းပြမနေပါနဲ့..မင်းလိုကောင်မျိုးရဲ့စကားကိုဘယ်သူကယုံကြည်မှာလဲ"

လဲ့ယောင်ကလက်သီးဆုတ်ကာအံကြိတ်လိုက်သည်။ဒီလူငယ်လေးကတစ်ဖက်လူရဲ့ရှင်းပြချက်ကိုလည်းလက်မခံဘူး။ ဘေးဘီကလှောင်ရယ်သံတို့ကြောင့် လဲ့ယောင်ကကြည့်လိုက်တဲ့အခါ ဆိုင်ထဲကဝန်ထမ်းတချို့သာမကဧည့်သည်အချို့ဟာလည်း လဲ့ယောင်အားအထင်သေးစွာကြည့်နေကြသည်ကိုမြင်တွေ့လိုက်ရသည်။

"မင်းနားကန်းနေလား..ဒီထက်အရှက်ကွဲတာမခံချင်ရင် အခုချက်ချင်းဒီဆိုင်ထဲကထွက်သွားလိုက်စမ်း!လီရှန်းကောကိုမြင်လိုက်ရလို့ ငါစိတ်ကြည်နေတာနော်..မင်းကိုဒီလောက်နဲ့ပဲလွှတ်ပေးလိုက်မယ်"

"..."

"ပြောနေတာမကြားဘူးလား..သွားတော့လေ!လီရှန်းကောရှေ့မှာအရှက်ကွဲချင်လို့လား!!သွား..သွားစမ်း!"

Liliကမလှုပ်ရှားပဲနေရာမှာသာတောင့်တောင့်ကြီးရပ်နေသည့်လဲ့ယောင်ကြောင့် ဒေါသထွက်လို့လာပြီး လဲ့ယောင်၏ပုခုံးအားလက်ဖြင့်ဆောင့်တွန်းပစ်လိုက်သည်။ လဲ့ယောင်ကအနောက်သို့ယိုင်သွားပေမဲ့ လဲတော့မကျပေ။သို့သော်သူ့ကိုနောက်တစ်ကြိမ်ထပ်ပြီးတွန်းဖို့ရောက်လာသည့် Liliရဲ့လက်ကိုလဲ့ယောင်ကဆုတ်ကိုင်ကာဟန့်တားလိုက်သည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Where stories live. Discover now