အပိုင်း(၂၂)

2.4K 160 0
                                    

Unicode

ဝမ်လီရှန်းဟာလေဆိပ်တွင် သူ့ညီမဖြစ်သူကိုစောင့်နေတော့သည်။ သူဟာလက်မှနာရီကိုငုံ့ကြည့်လိုက် လူအများကြားထဲမော့ကြည့်လိုက်ဖြင့် စိတ်မရှည်ဖြစ်နေတော့သည်။

"လီရှန်းကော!!"ဟုအော်ခေါ်သံနှင့်အတူဝမ်လင်းလင်းဟာ ခရီးဆောင်အိတ်နှင့်အတူမိန်းကလေးတစ်ယောက်၏လက်ကိုဆွဲကာ ဝမ်လီရှန်းရှေ့သို့ရောက်ရှိလာတော့သည်။

ဝမ်လီရှန်းကတွဲထားကျသည့်လက်တစ်စုံကိုကြည့်လိုက်သည်။ထိုနောက် ဝမ်လင်းလင်းအနားကိုကပ်ကာသတိပေးလိုက်သည်။

"အနေအထိုင်ဆင်ခြင်ဦး သတင်းထောက်တွေကနေရာတိုင်းရှိနေတာ.."

"oops!"

ဝမ်လင်းလင်းဟာနှုတ်ခမ်းကိုဆူလိုက်ကာ သူ(မ)ချစ်သူ၏လက်ကိုဖြုတ်လိုက်သည်။ထိုနောက် သူ(မ)ကသဘာဝကျစွာဖြင့်သူ(မ)ချစ်သူ၏လက်မောင်းကိုဖက်လိုက်ပြီး သူ(မ)ရဲ့အစ်ကိုကြီးဖြင့်မိတ်ဆက်ပေးလိုက်သည်။

"လီရှန်းကော..ဒါကညီမလေးရဲ့အချစ်ဆုံးသူငယ်ချင်း ရှန်လီဟွားတဲ့..ကျဲကျဲ ဒါကလင်းလင်းရဲ့အစ်ကိုကြီးပဲ.."

ရှန်လီဟွားကသိမ်မွေ့စွာပြုံးပြလာပြီး..
"ရှင့်ရဲ့အကြောင်းကိုလင်းလင်းဆီကအမြဲကြားဖူးပါတယ်..အိုး ကျွန်မတို့ကအသက်အတူတူလောက်ပဲဆိုတော့ လွတ်လွတ်လပ်လပ်ပဲပြောဆိုလို့ရတယ်မလား"

ဝမ်လီရှန်းကပြုံးလိုက်ပြီး..
"ဒါပေါ့ မင်းကငါ့ညီမအတွက်အရေးပါတဲ့လူပဲလေ..ကဲပါ၊အိမ်ပြန်ရအောင်"

"ဟုတ်!"

အဲဒီနောက် ဝမ်လီရှန်း၏သူ့ညီမဖြစ်သူကိုလေဆိပ်တွင်လာကြိုသောပုံရိပ်တို့ကonlineပေါ်တွင်ပြန့်နှံ့သွားတော့သည်။ ဝမ်လီရှန်းနှင့်ဝမ်လင်းလင်းကိုသာအဓိကပုံရိုက်ကြတာကြောင့် ဝမ်လင်းလင်း၏ဘေးမှရှန်လီဟွားဟာတော့ဝါးတားတားဖြင့်ပါလာသည်။ ဒါပေမဲ့လူတော်တော်များများက သူ(မ)ဟာဝမ်လင်းလင်း၏သူငယ်ချင်း ဒါမှမဟုတ် မိန်းကလေးသက်တော်စောင့်ဖြစ်လောက်မည်ဟုသာထင်ကြပြီး ချစ်သူဖြစ်လိမ့်မည်ဟူ၍မထင်ကြချေ။

ဝမ်လင်းလင်းပြန်လာရသည့်အကြောင်းအရင်းကလည်း သူ(မ)ချစ်သူလဲ့ယောင်ဖြင့်လက်ထပ်ကြတော့များလားဟူ၍ထင်ကြေးပေးနေကြတော့သည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Tempat cerita menjadi hidup. Temukan sekarang