အပိုင်း(၈)

4K 245 2
                                    

{My Girlfriend's Family}

--------------------------------------

လဲ့ယောင်ကအခန်းထဲမှာငြိမ်မနေနိုင်တော့ပေ။သူဘာမှမလုပ်ပဲလှဲနေတာနဲ့ သူ့ကိုဘယ်သူမှကူညီမှာမဟုတ်ဘူး။ ဒါကြောင့် လဲ့ယောင်ဟာပြတင်းပေါက်တံခါးကိုဆွဲဖွင့်လိုက်သည်။ နှစ်ထပ်တိုက်ဖြစ်ပေမဲ့ အောက်မှာခြုံပုတ်တွေရှိတာကြောင့် ဒီကနေခုန်ချရင်တောင်အနည်းဆုံးတော့ ခြေကျိုးပြီးအနည်းငယ်တော့ပွန်းပဲ့နိုင်သည်။ ဒီတော့လည်းဘာအရေးလဲ၊ဒီကလွှတ်မြောက်ဖို့အတွက် မိမိကိုယ်ကိုအနာခံရမည်။

လဲ့ယောင်ဟာဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ပြတင်းပေါက်ပေါ်တက်လိုက်သည်။ သူလေကိုမှုတ်ထုတ်လိုက်ပြီး သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်၍ အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။

"ဘာမှမဖြစ်ဘူး ငါလုပ်နိုင်တယ်!ငါလုပ်နိုင်မှရမယ်!"

ထိုနောက်လဲ့ယောင်ခုန်ချဖို့ကြိုးစားလိုက်တော့သည်။သို့သော် ရုတ်တရက်သူ့ခါးမှဆွဲဆောင့်ခြင်းခံလိုက်ရပြီး ဝမ်လီရှန်း၏ဒေါသတကြီးပြောသံကထွက်ပေါ်လာသည်။

"လဲ့ယောင်!မင်းအခုဘာလုပ်ဖို့ကြိုးစားနေတာလဲ!"

ဝမ်လီရှန်းကလဲ့ယောင်ရဲ့ကိုယ်လေးကိုခါးမှနေမချီ၍ ပြတင်းပေါက်အနီးမှအဝေးကိုခေါ်သွားလိုက်သည်။လဲ့ယောင်ကဝမ်လီရှန်းလက်ထဲမှရုန်းကန်ရင်း အော်ဟစ်နေမိသည်။

"လွှတ်ပေး!ကျွန်တော့်ကိုအခုလွှတ်ပေး...!"

"ကျစ်!ငြိမ်ငြိမ်နေစမ်း!"

"မနေဘူး..ကျွန်တော်အိမ်ပြန်မယ်!လွှတ်!!"

ဝမ်လီရှန်းကဒေါသတို့ထွက်လို့လာသည်။အဲဒီနောက်သူကလဲ့ယောင်ကိုကုတင်ပေါ်သို့ပစ်တင်လိုက်၏။ လဲ့ယောင်မှာ"အင့်"ခနဲဖြစ်သွားပြီး သူဟန်ချက်မထိန်းရသေးခင်မှာပဲ ရုတ်တရက်လဲ့ယောင်၏အောက်ပိုင်းကအေးစက်လို့သွားကာ လဲ့ယောင်အလန့်တကြားငုံ့ကြည့်လိုက်တော့ ဝမ်လီရှန်းကသူ့ရဲ့ဘောင်းဘီကိုချွတ်ပစ်လိုက်တာကိုမြင်လိုက်ရသည်။

လဲ့ယောင်ကြောက်လန့်သွားကာ သူ့ခြေထောက်တို့ကိုကျုံ့လိုက်ပြီး ဝမ်လီရှန်းကိုခပ်စူးစူးစိုက်ကြည့်လိုက်သည်။
"ခင်-ခင်ဗျားဘာလုပ်ဖို့လဲ!!!ဘာလို့သူများဘောင်းဘီကိုလာချွတ်တာလဲ!!"

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Where stories live. Discover now