အပိုင်း(၅)

4.9K 244 1
                                    

{ My girlfriend's Family }

Warning:အနည်းငယ်ပေးသည်။

---------------------------------------------

Unicode

"လွှတ်ပေးး!"

လဲ့ယောင်ဟာရုန်းကန်နေပေမဲ့ အရာမထင်ချေ။အမွှာတစ်ယောက်ကသူ့ကိုချုပ်ထားပြီး နောက်တစ်ယောက်ကသူ့ကိုယ်ကိုအနီရောင်ကြိုးဖြင့်တုတ်လို့နေသည်။ ကြိုးကအရမ်းတင်းကြပ်လွန်းကာ သာမန်ကြိုးတုတ်သလိုမဟုတ်ပဲ ထူးထူးဆန်းဆန်းကြီးဖြစ်သည်။

"နာတယ်"

တင်းမာလွန်းသောကြိုးတွေကသူရုန်းကန်လိုက်သည်နှင့် သူ့အင်္ကျီကိုဖောက်ပြီးသူ့အသားအရည်တို့ကိုပွန်းပဲ့စေတော့မတတ်ပဲ။

"ကြိုးကအရမ်းတင်းသွားတာလား..ဆောရီး ဒါကကျွန်တော့်အတွက် First Timeဆိုတော့ သည်းခံပေးပါနော်"

ဝမ်ရှောင်ဟန်ကလဲ့ယောင်ရဲ့ညည်းညူသံလေးကြောင့် လေသံဖျော့ဖျော့ဖြင့်နှစ်သိမ့်ပေမဲ့ ကြိုးတုတ်နေခြင်းကိုတော့မရပ်တန့်သွားပေ။ဒီကြားထဲ ဝမ်ရှောင်လင်းကသူ့ရဲ့မျက်နှာအနီးသို့ကပ်လာပြီး ခွေးတကောင်လိုလဲ့ယောင်ရဲ့ကိုယ်သင်းရနံ့ကိုအနံ့ခံနေသည်။

"နို့နံ့သင်းသင်းလေးရတယ်..မွှေးနေတာပဲ"ဟုပြောလာသောလေသံကအက်ကွဲလို့နေသည်။

ဒီမိသားစုကတော့ အလကားနေသူ့ရဲ့ခန္ဓာကိုယ်အနံ့ကိုပဲလာရှူနေကြသည်။ ဒီမိသားစုလုံးခွေးစိတ်ပေါက်နေကြတာလား။ အခုချိန်မှာလဲ့ယောင်ဟာကြောက်လန့်ပြီးဒေါသထွက်နေတာကြောင့် ယဥ်ကျေးမှုတွေနားမလည်နေတော့ဘူး။

"မင်းကခွေးလား!အာ့ ကြိုးကိုအရမ်းမတင်းနဲ့!အခုကြိုးဖြည်ပေး!"

ထိုအခါ ဝမ်ရှောင်ဟန်ကခပ်ထစ်ထစ်ပြုံးလာပြီး လဲ့ယောင်၏မျက်နှာလေးကိုလေဖြင့်မှုတ်လာကာ..

"ကြိုးကိုလည်းအရမ်းမတင်းနဲ့ပြောတယ် ကြိုးကိုလည်းဖြည်ခိုင်းသေးတယ်..တကယ်ပဲဘာလုပ်စေချင်တာလဲ?"

"မေးစရာလိုလား!ငါ့ကိုကြိုးဖြည်ပေး...ငါ ငါမင်းတို့အဖေနဲ့တိုင်ပြောမှာနော်!"

ဝမ်ချူးလင်ကအရှိန်အဝါကြီးမားတာကြောင့် ဒီကောင်စုတ်လေးနှစ်ယောက်သူတို့အဖေကိုတော့ကြောက်လောက်မှာပါဟုတွေးမိကာ အဖေနှင့်ကိုင်ပေါက်လိုက်သည်။သို့သော် ဒင်းတို့ကသူ့ခြိမ်းခြောက်မှုကိုမဖြုံတဲ့အပြင် ခပ်အေးအေးဖြင့်ပြန်ပြောလာသည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Where stories live. Discover now