Unicode
လဲ့ယောင်ဟာသူ့အခန်းဆီသို့ပြန်ရောက်လာခဲ့သည်။ သူဟာကုတင်ပေါ်တွင်ထိုင်လိုက်ပြီး ဝမ်ချူးလင်၏စကားတို့ကိုပြန်တွေးလိုက်သည်။
ဝမ်ချူးလင်ကဘာလို့သူ့ချစ်သူအဖြစ်နေချင်တာလဲ။ သူ့သားတွေထိန်းသိမ်းဖို့အတွက်တော့မဖြစ်နိုင်ဘူး။ သူကအဖေတစ်ယောက်ပဲလေ သူ့ရဲ့သားတွေကိုဆုံးမပြီးထိန်းသိမ်းလို့ရနိုင်တာပဲမလား။ မထိန်းသိမ်းနိုင်ဘူးဆိုတာကလည်းလုံးဝမဖြစ်နိုင်ဘူး။
ဝမ်ချူးလင်ကတကယ်ပဲလူကြီးလူကောင်းတစ်ယောက်ရောဟုတ်ပါ့မလား။ ဝမ်စစ်ယွီပြောသလိုပဲ မကောင်းတဲ့လူဖြစ်နေရင်ရော။ ဒါဆိုရင် ဒီတမိသားစုလုံးကတကယ့်ကိုမကောင်းတဲ့လူတွေကြီးရှိနေတာပဲ။
"ဟာ့ ငါဘယ်လိုမိသားစုနဲ့ပတ်သတ်မိတာလဲ။"
လဲ့ယောင်မှာပင့်သက်ရှိုက်လျက် စိတ်ညစ်စွာညည်းညူလိုက်သည်။
'မဖြစ်ဘူး၊ငါဒီတိုင်းထိုင်နေလို့ကတော့ဒီမှာပဲပိတ်နေပြီး သူတို့လုပ်ချက်သလိုလုပ်ခွင့်ပေးထားသလိုဖြစ်နေလိမ့်မယ်။ဒီညပဲဒီကနေငါထွက်သွားရမယ်။ သူတို့တွေအိပ်နေတဲ့အချိန်ကျမှငါခိုးထွက်ရမယ်!'
လဲ့ယောင်ကဆုံးဖြတ်ချက်ချလိုက်သည်။ ဝမ်ချူးလင်ကိုလည်းအကူအညီတောင်းလို့မဖြစ်ပေ၊ထိုလူကြီးကိုယ်တိုင်ကသူ့ကိုဒီမှာပိတ်ထားချင်နေသည်ဟုထင်မိသည်။ အဲဒီနောက်တော့ လဲ့ယောင်ဟာအခန်းထဲတွင်ငြိမ်ငြိမ်စိမ်စိမ်သာနေလိုက်တော့သည်။ ဒီညခိုးထွက်မည်ကိုဘယ်သူမှမရိပ်မိအောင် အပြုအမူတို့ကိုသတိထားကာနေလိုက်သည်။ သူ့ကိုညစာစားဖို့လာခေါ်တော့လည်း ငြင်းဆန်ချင်ယောင်ဆောင်ပြီးနောက် မတတ်သာတဲ့ပုံစံဖြင့်ညစာစားလိုက်သည်။ ထိုမိသားစုရဲ့အကြည့်အောက်တွင်လဲ့ယောင်ဟာညစာကိုအမြန်စားကာ သူ့အခန်းဆီသို့ပြန်လာခဲ့လိုက်သည်။
သူစိတ်မကြည်တာကိုသတိထားမိကြသည်ထင်ပါရဲ့ ဘယ်သူမှသူ့အခန်းဆီသို့ရောက်လာကာ ဝင်နှောင့်ယှက်ခြင်းမရှိကြချေ။ ဒါကလဲ့ယောင်အတွက်အရမ်းကိုအဆင်ပြေသွားသည်။
ည(၁၂)နာရီအတိ..
လဲ့ယောင်ဟာလူခြေတိတ်ချိန်တွင်အခန်းတံခါးကိုအသာအယာဖွင့်ကာ အခန်းထဲမှထွက်လာလိုက်သည်။ အဲဒီနောက်ခြေလှမ်းဖွဖွနင်းရင်း ဘေးဘီမှအခြေအနေကိုအကဲခတ်လိုက်သည်။ အရာအားလုံးကတိတ်ဆိတ်နေလျက် လျှောက်လမ်းမှမီးများသာထွန်းလင်းထားကာ အပ်ကျသံကိုပင်မကြားရချေ။ လူတိုင်းအိပ်မောကြနေပုံရတာကြောင့် လဲ့ယောင်ဟာစိတ်သက်သာရာရသွားလျက် လှေကားထစ်မှနေအောက်သို့သတိထားကာ ဖြည်းဖြည်းချင်းဆင်းလာလိုက်သည်။ အောက်ဘက်ကိုတော့အဓိကမီးများပိတ်ထားပြီး နံရံကပ်မီးအိမ်ထိုသို့သာထွန်းလင်းထားလျက် မှိန်မျှမျှမီးအလင်းရောင်နှင့်တိတ်ဆိတ်နေမှုကခြောက်ခြားဖွယ်..။
ESTÁS LEYENDO
🔞My Girlfriend's Family🔞|| BL[COMPLETE✔]
RomanceStarted Date - 12.8.2023 End Date - ???? 🚫 Warning 🚫 ⚠ Rape ⚠ Harem | Threesome | adult. အမှောင်သီးသန့်ရေးမှာဖြစ်လို့ 18နှစ်မပြည့်သေးသူများကျော်သွားကြပါ။