1🌷

1.7K 79 26
                                    

နွေဦးသို့တစ်ဖန်ရောက်လာခဲ့ပြန်သည်....အိမ်ရှေ့ခြံဝင်းအတွင်းနေရာချထားတဲ့ဒန်းလေးပေါ်တက်ကာ ရှေ့တွင်ကိုယ်တိုင်ကိုယ်ကျအမြတ်တနိုးဖြင့်စိုက်ခဲ့ရသောကျူးလစ်ပန်းခင်းကြီးအားထိုင်ကြည့်နေမိသည်...

ကျူးလစ်...သိတတ်စအရွယ်လေးကတည်းကသိပ်ကိုသဘောကျခဲ့ရတဲ့တစ်မျိုးတည်းသောပန်းလေး.....၁၀နှစ်လောက်ကတည်းကအမြတ်တနိုးနှင့်အပင်ပန်းခံစိုက်ပျိုးခဲ့ရတဲ့ပန်းလေးတွေဟာအခုတော့ သိပ်ကိုလှပတဲ့ပန်းခင်းကြီးတစ်ခုအဖြစ်တည်ရှိနေခဲ့ပြီ....

ခပ်ပြုံးပြုံးဖြင့်စာအုပ်ပေါင်ပေါ်တင်ကာကျူးလစ်ပန်းတွေအားထိုင်ကြည့်နေသောသူ့ဆီသို့ တစ်ဦးတည်းသောအမဖြစ်သူ Lariမှလျှောက်လာရင်းခေါင်းကိုခေါက်သည်...

"အောင်း! P'နာတယ်နော်"

နာကျင်သွားသောနေရာလေးအားပွတ်ရင်း မတ်တပ်ရပ်ခါးထောက်ကာကြည့်နေသောအမအား စိတ်တိုတိုဖြင့်အော်လိုက်သည်...

"အေး နာအာင်လုပ်တာ ငါကစာကျက်ပါစေဟဲ့ဆိုပြီး ကျူတာကိုပြန်လွှတ်ဖို့မေမေ့ကိုပြောပေးတာလေ နင်ကအားနေ ဒီပန်းဘဲလာထိုင်ကြည့်နေ..!"

"P'ကလည်း.ကျ‌ေတာ်က."

"တော်တော့ Gemini Norawit  မမဆင်ခြေတွေမကြားခြင်ဘူး မနက်ဖြန်စာတွေပြန်မေးရင်အကုန်ရနေတာကိုလိုချင်တယ်နော် ကြားလား"

"ဟုတ်..."

လှည့်ထွက်သွား‌အမဖြစ်သူအားကျိန်ဆဲရင်း စာအုပ်ကိုကိုင်ကာစာကြည့်နေလိုက်သည်..

Gemini Norawit Titicharoenrak .......ထိုင်းနိုင်ငံရဲ့ဒုတိယူမြောက်အချမ်းသာဆုံး Titicharoenrak မိသားစုကြီးရဲ့အထွေးဆုံး..အငယ်ဆုံးနဲ့အလိုလိုက်အခံရဆုံးသားလေးတစ်ယောက်ဖြစ်ပေမဲ့ အမအရင်းဖြစ်သူ Lari Nirachan Titicharoenrak ကတော့စာနဲ့ပတ်သက်ရင်သူ့ကိုအလိုမလိုက်ပေ...ဘယ်နေရာရောက်နေနေစာမရရင် အသေဆော်သည်...ရှင်းရှင်းပြောရရင် မမဟာသူကိုယ်တိုင်လည်း စာအရမ်းလုပ်သလို သူ့မောင်ကိုလည်းတစ်စက်လေးမျှသူများအောက်ကိုအကျမခံပေ....ထို့ကြောင့်ပင် သူ့သက်တမ်းတစ်လျှောက်နံပါတ်၁နေရာကလုံးဝကိုမကျခဲ့ဖူးသည်သာ...

Testimon with tulips 🌷Where stories live. Discover now