'ခလွမ်!!'
"ချီး!! ဒီနေ့ကတော့ လုံးဝ Unlucky day ကြီးဘဲ!"
စတိုးဆိုင်ကနေထွက်လာကတည်းကပင် Fourth Nattawat တစ်ယောက်မူမမှန်တော့ပေ...လမ်းကူးစဉ်အခါကလည်းကားတိုက်မလိုဖြစ်ခဲ့ရသည်...တိုက်ခန်းသို့ပြန်ရန်ဓာတ်လှေကားကအသုံးပြုမရတာကြောင့် ရိုရိုးလှေကားကသာတက်ရသည်...ထို့အပြင် ဒုတိယထပ်လောက်မှာတင်သူခြေခေါက်လဲကျခဲ့သေး၏....တိုက်ခန်းထဲဝင်လာစဥ်မှာပင် ဘောပင်ကိုတက်နင်းမိကာ ချော်လဲခဲ့တာကြောင့်ကျောရိုးကျိုးသွားသလိုတောင်ခံစားမိသည်..အခုလည်း ပန်းအိုးကိုတိုက်မိကာကျကွဲပြန်လေသည်...
တစ်ယောက်တည်းပွစိပွစိပြောကာကျကွဲသွားခဲ့သောပန်းအိုးလေးအား အစအနမကျန်ရလေအောင်လိုက်ကောက်သိမ်းလိုက်သည်...ထို့နောက်ကျကွဲသွားခဲ့သောထိုနေရာအားတံမြက်စည်းဖြင့်လှည်းလိုက်ပြီး ဝယ်လာသောခေါက်ဆွဲထုတ်များအားမီးဖိုချောင်ထဲသို့သွားထားလိုက်သည်...
"ဗိုက်ဆာလို့လား မောင်လေး"
အနောက်ဘက်မှရောက်လာသည့်အသံနှင့်အတူမီးဖိုခန်းထဲသို့ဝင်လာသည့်အမကြောင့်အံ့ဩမိသည်မှာအမှန်...
"အမ..ပြောတော့ ညလုံးပေါက်ဆို ကျတော် club သွားတယ်ထင်တာ"
"အင်းအစကတော့အဲ့လိုပါဘဲ နောက်တော့ ပျက်သွားတာဘဲ"
"အော်~"
"အမ တစ်ခုခုလုပ်ပေးမယ် မောင်လေးသွားထိုင်နေလေ"
"အင်း ဒါဆိုကျတော်အလုပ်ထွက်စာရေးတင်လိုက်အုန်းမယ် ကျူတာအလုပ်ကအတည်ရမှာနော် အမ"
"မယုံသင်္ကာဖြင့်မေးလိုက်သည့်သူ့အမေးအားအမကရီကာခေါင်းငြိမ့်ပြသည်...အမဖြစ်သူ၏ အတည်ပြုမှုကိုရတာနှင့်ပင် အခန်းအတွင်းသို့ဝင်ကာ အလုပ်ထွက်စာရေးရန်အတွက်ပြင်ဆင်လိုက်ပါတော့သည်...
အလုပ်ထွက်စာတင်ပြီးနောက် အနားယူရန်ခုတင်ပေါ်သို့လှဲချကာ Instagram သုံးနေလိုက်သည်...
"မောင်လေး အမဒီမှာတင်ထားခဲ့မယ်နော် စားလိုက်အုန်း"
"Ka..အမ"
အခန်းအပြင်သို့ထွက်သွားသည့်အမအားတစ်ချက်မျှကြည့်လိုက်ရင်း ဖုန်းအားဆက်ကြည့်လိုက်သည်...မထင်မှတ်ဘဲတွေ့လိုက်ရသည့်ပုံလေးတစ်ပုံကြောင့် အသေအချာစိုက်ကြည့်ခဲ့မိ၏...
![](https://img.wattpad.com/cover/351509450-288-k731289.jpg)
YOU ARE READING
Testimon with tulips 🌷
Acakကိုယ်မင်းကိုအသက်တမျှချစ်မြတ်နိုးတာကို ကိုယ်သိပ်သဘောကျရတဲ့ကျူးလစ်ပန်းတွေကိုတိုင်တည်ပြီး ပြောရဲပါတယ် သက်ငယ်~