နောက်ဆုံးတော့ပြန်ရောက်လာခဲ့ပြီ....
ဘန်ကောက်မြို့ရဲ့လတ်ဆတ်တဲ့လေကိုတဝကြီးရှူရှိုက်လိုက်ရင်း Luggage ဆွဲကာ ကျောပိုးအိတ်အနက်လေးအား ကောက်လွယ်လျက်... Winynny နှင့်အတူ ပင်မလေဆိပ်အဆောက်အဦးအတွင်းသို့ဝင်လာခဲ့သည်...
မျက်မှန်အနက်နှင့် စတိုင်ကျကျဝတ်စားထားသည့်သူတို့နှစ်ယောက်ဟာ I dol ပုံနဲ့တောင်ခပ်ဆင်ဆင်...
"Winynny မင်း...ဘယ်"
ဘေးနားမှယှဉ်လျှောက်နေရင်း ရုတ်တရက်လူအုပ်ဆီသို့ပြေးထွက်သွားခဲ့သည့် သူငယ်ချင်းဖြစ်သူကြောင့် မျက်တော်လေးကလယ်ကလယ်ဖြင့်သာကြည့်နေမိသည်။
လက်တွင်ဆွဲကိုင်ထားသော luggage အားဘေးသို့ပို့ကာ ဘယ်ကမှန်းမသိပေါ်လာသောလင်တော်မောင်အားဖက်တွယ်လိုက်သည်ကိုမြင်လိုက်ရတာကြောင့် *ကြည့်မိတာမှားပြီ*ဟုသာရေရွတ်နိုင်တော့သည်...
ထိုအတွဲစီမှအကြည့်လွှဲချလိုက်ရင်း လူအုပ်ကြားထဲသို့ မျက်လုံးဖြင့်ဝှေ့ဝိုက်ရှာလိုက်သည်...
ခဏအကြာတွင်မြင်လိုက်ရသည့်အရာကြောင့်ခပ်ရေးရေးပြုံးမိသွားသည်.....ဂါဝန်အဖြူရောင်လေးနှင့်ဘီးကုပ်အဖြူလေးတပ်ကာကျူးလစ်အဖြူရောင်ပန်းစည်းကိုင်လျက် သူ့ဆီသို့လျှောက်လာသော အမဖြစ်သူအား ပွေ့ဖက်လိုက်မိသည်..
"မမ~"
"Ohh....ဖြည်းဖြည်းလုပ်ပါ ငါ့မောင်ရယ်"
မမဟာရီသံစွက်ပြောရင်းသူ့ကိုပြန်လည်သိုင်းဖက်လာခဲ့သည်...စက္ကန့်ပိုင်းလောက်မျှအလွမ်းပြေပွေ့ဖက်ခဲ့ပြီး...မမကမ်းပေးလာခဲ့သောအဖြူရောင်ကျူးလစ်ပန်းစည်းအား လွှဲပြောင်းယူလိုက်သည်...
"မမ တအားလှလာတယ်"
ထိုသို့ဆိုလိုက်တော့အမဖြစ်သူအား ခပ်အေးအေးအပြုံးလေးတစ်ခုဖြင့် သူ့ကိုပြန်လည်တုံ့ပြန်လာသည်။
"ငါ့မောင်လေးကလဲ အရမ်းချောလာတာပါနော် အရပ်တွေလဲရှည်လာတယ် 555+"
"ဟုတ်လား ကျတော်တောင်သတိမထားမိလိုက်ဘူး"
မမဟာရီရင်း သူ့ luggage ကိုကူဆွဲပေးသည်...အများတကာငေးမောကြည့်ရလောက်တဲ့သူ့ရဲ့မမအလှလေးနှင့်အတူ စကားတွေပြောကြရင်း car parking ဆီသို့လျှောက်လာခဲ့သည်...
YOU ARE READING
Testimon with tulips 🌷
Sonstigesကိုယ်မင်းကိုအသက်တမျှချစ်မြတ်နိုးတာကို ကိုယ်သိပ်သဘောကျရတဲ့ကျူးလစ်ပန်းတွေကိုတိုင်တည်ပြီး ပြောရဲပါတယ် သက်ငယ်~