3🌷

648 65 17
                                    

"လာ..လာ့...လာ~"

အတန်းထဲသို့မြောက်ကြွမြောက်ကြွဖြင့်ဝင်ရောက်လာသော Fourth အားကြည့်ရင်း Winynny နှင့် promမှာအတည်ကိုနားမလည်နိုင်တော့ပေ...ပထမအတန်းချိန်တုန်းက စူပုတ်ကာထွက်သွားခဲ့သည့်သူဟာဒုတိယအချိန်ကျ ပျော်မြူးလျက်ပြန်ဝင်လာသည်တဲ့...ဘယ်အရာကများဒီရေခဲကိုပြုံးအောင်လုပ်လိုက်နိုင်ပါလိမ့်...

"ဟေ့!"

"အမေ့!"

ဒါဟာသူ့ရဲ့သူငယ်ချင်းနှစ်ယောက်ဆီမှတစ်ပြိုင်တည်းထွက်ပေါ်လာတဲ့ အမေတသံ...

"ဘာဖြစ်ကြတာလဲ သေကြတော့မှာလား?"

"အေး...ဟာ မဟုတ်ပါဘူး!"

Promတစ်ယောက်အယောင်ယောင်အမှားမှားဖြင့်ပြောလာသည်ကိုသူသဘောကျစွာရီမိသည်...ငါ့သူငယ်ချင်းတွေကတစ်ခါတစ်လေ ငပေါလေးတွေ!

"Fourth"

"ဟင်"

သူငယ်ချင်းနှစ်ယောက်ကြားရှိလွတ်နေသောခုံတွင်ဝင်ထိုင်ကာထူးလိုက်သည်...

"မင်း ငါမေးမယ်အမှန်ဖြေနော်"

"အေးဘာတုန်း"

"မင်းရည်းစားရနေပြီလား"

အတည်ပေါက်မျက်နှာဘေးကြီးဖြင့်ပြောလာသည့် Winynny ကြောင့်Fourthတစ်ယောက်ဗိုက်ကိုနှိပ်ကာအော်ရယ်မိပါတော့သည်။

"ဟျောင့်မရီနဲ့လေ ငါမေးတာဖြေအုန်း"

အရယ်မရပ်နိုင်သောသူ့အားသိချင်စိတ်ပြည့်နေသောမျက်ဝန်းများနှင့်ပခုံးကိုကိုင်ကာဆိုလာသောသူငယ်ချင်းဖြစ်သူကြောင့်
မျက်နှာပိုးသတ်ကာ အဖြေပေးလိုက်သည်...

"ရူးနေတာလား ငပိန်းရဲ့ !"

*ဂွက်*ဆိုသည့်အသံကြီးနှင့်အတူ အခေါက်ခံလိုက်ရသည့်သူငယ်ချင်းလေးဟာ ငိုမဲ့မဲ့နှင့်သာ...

"ဒါဆို မင်းကမနက်ကထွက်သွားတော့ သေမလိုမျက်ခွက်ကြီးနဲ့ ပြန်ဝင်လာတော့ မျက်နှာကရွှေရသလိုပြုံးရွှင်နေတာကရော ဘာတုန်း"

‌ခုံပေါ်တွင်မေးထောက်ကာမေးခွန်းထုတ်လာသည့်promကိုကြည့်လိုက်ရင်း သူစကားစလိုက်သည်...

Testimon with tulips 🌷Where stories live. Discover now