"ဘာ!!!!!"
"အမေ့"
အသံပြဲနှင့်ထအော်လာသော သူငယ်ချင်းနှစ်ယောက်၏အသံကြောင့် သူလန့်သွားခဲ့ရသည်မှာအမှန်...
"မင်းက Titicharoenrak အိမ်တော်မှာ ကျူတာသွားလုပ်ရမယ် ဟုတ်သလား?"
"အင်းလေ"
Winynny တစ်ယောက်သူ့ပါးစပ်သူပိတ်ကာ အံ့ဩနေသလို Promခမျာလည်း ဘာတစ်ခွန်းမှမပြောနိုင်အောင်ဆွံ့အခဲ့ရပါသည်...
"နေ..နေပါအုန်း အခုမင်းက ငါ့ရဲ့ idol ကိုစာသွားသင်မယ်ပေါ့လေ?"
Promတစ်ယောက် ဖုန်းထဲမှ Gemini ပုံလေးကိုကြည့်လိုက် စပ်ဖြီးဖြီးနှင့် သူ့သူငယ်ချင်းဖြစ်သူ Fourth ကိုကြည့်လိုက်နှင့် ကြောင်အနေခဲ့ရသည်။သူဟာ Gemini ရဲ့ Fanအကြီးစားကြီးဖြစ်နေပေမဲ့ ထိုလူသားနဲ့ရင်းနှီးဖို့ဆိုတာ သူခေါင်းထဲမှာတွေးတောင်မတွေးဘူးတဲ့ကိစ္စကြီးရယ်ပါ..အခုတော့ သူသိပ်သဘောကျရတဲ့ သူ့ရဲ့ idolကို သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စာသင်မည်တဲ့လေ...
"ဘာဖြစ်တာလဲမင်းတို့နှစ်ကောင်က ငါကအဲ့မှာစာသွားသင်ပေးမှာ ချွေးမသွားလုပ်မှာမဟုတ်ဘူးနော်"
မျက်စိနောက်စရာကောင်းသောသူငယ်ချင်းနှစ်ယောက်အားမျက်စောင်းထိုးလိုက်ရင်း အတန်းထဲမှထထွက်လာခဲ့သည်။
"အောင်း! Gemini"
အတန်းရှေ့တွင်ရောက်နေသောတပည့်ဖြစ်သူကြောင့် လန့်သွားရသည်မှာအမှန်...လွယ်ထားသည့်လွယ်အိတ်ကြိုးလေးအားဆုပ်ကိုင်လျက် နောက်တွင်ကျန်ခဲ့သောသူငယ်ချင်းနှစ်ကောင်အားလှည့်ကြည့်လိုက်သည်။
"လိုက်သွားလိုက်သွား"
"ပြန်မလာနဲ့ မင်းလိုက်သွားတော့"
နှုတ်ခမ်းလှုပ်ယုံမျှဖြင့် အတင်းတွန်းထည့်ပေးနေသောသူငယ်ချင်းနှစ်ယောက်ကြောင့် အကြောင်းပြချက်မရှိပါဘဲ ရှက်မိပြန်သည်..."Fu*k"ဟု အသံခပ်တိုးတိုးဖြင့်ဆဲဆိုလိုက်ရင်း အရှေ့တွင်ရှိနေသော တပည့်လေးဆီသို့ပြန်လှည့်လိုက်သည်။
"ဘာလာလုပ်တာလဲ"
"ကျတော်ဆရာ့ကို လာကြိုတာလေ အတန်းပြီးပြီမဟုတ်လား?"

YOU ARE READING
Testimon with tulips 🌷
Randomကိုယ်မင်းကိုအသက်တမျှချစ်မြတ်နိုးတာကို ကိုယ်သိပ်သဘောကျရတဲ့ကျူးလစ်ပန်းတွေကိုတိုင်တည်ပြီး ပြောရဲပါတယ် သက်ငယ်~