20🌷

589 46 45
                                    

ထပ်မံရောက်ရှိလာပြန်တဲ့နွေဦးရာသီ~

အမေရိကာနိုခွက်အားလက်ထဲကိုင်ရင်းအပြင်ဘက်သို့ငေးနေမိသည်...

၁နှစ်...သူ့ထံမှသက်ငယ်ဆိုသည့်သက်ဆိုင်သူလေး ရုန်းထွက်သွားခဲ့သည်မှာ၁နှစ်ပြည့်ခဲ့ပြီ~

အသေအကြေငိုယိုတောင်းပန်ခဲ့ပေမဲ့လဲ...အသက်ရှူကြပ်သွားတဲ့အထိ ဒူးတွေနာကျင်တဲ့အထိ လက်ဖဝါးနှစ်ဖက်မီးမထွက်ရုံတမယ် ပွတ်တိုက်ကာတောင်းပန်ခဲ့ပေမဲ့...မရမကထွက်ခွာသွားခဲ့သည် လူသားလေးအား အစပိုင်းတွင်စိတ်ပျက်ခဲ့ရပါသည်

သို့သော် အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာသည့်နှင့်အမျှသူ့၏ သက်ဆိုင်သူအပေါ်နားလည်သဘောပေါက်လာရသည်...ကလေးငယ်လေးဟာသူ့ဆီကထွက်သွားချင်လို့မဟုတ်ခဲ့ဘဲ....

တစ်ဘဝစာပေါင်းသင်းနိုင်ဖို့အတွက်...တစ်ခဏတာခွဲခွာသွားခဲ့မှန်း သိလာသည်...သူလည်းခွဲခွာချင်ခဲ့တာမဟုတ်သလို ကလေးငယ်ဟာလည်း ထွက်သွားချင်သည့်စိတ် တစ်စိမျှတောင်မရှိမှန်း သူအတပ်သိပါ၏...

ကလေးဆန်ကာစိတ်ဆိုးခဲ့သမျှကိုလွှတ်ချရင်း...သက်ဆိုင်သူပြန်လာမည့်ရက်ကိုသာမျှော်နေမိသည်...နေ့ရက်တိုင်း သက်ဆိုင်သူရဲ့ကိုယ်ငွေ့လေးတွေကျန်ခဲ့သည့်အမှတ်တရပစ္စည်းလေးတွေအားဖက်တွယ်ရင်းသာ တစ်ရက်ပြီးတစ်ရက်ရေတွက်နေခဲ့သည်...

'ဒေါက် ‌‌ဒေါကါ ဒေါက်'

တံခါးခေါက်သံကြောင့်ပျံ့လွှင့်နေသည့်အာရုံအချို့ကိုပြန်စုစည်းလိုက်ရင်း...

"ဝင်လာခဲ့"

Fileများပိုက်ကာရောက်လာသည့် မန်နေဂျာမလေးကြောင့် မျက်မှောင်ကြုံ့လိုက်မိသည်....

ဖခင်ဖြစ်သူ၏သူငယ်ချင်းသမီးဖြစ်နေတာကြောင့်အလုပ်ခန့်ထားသော်လဲ အမြဲလိုလိုသူ့အားထိကယားပါးကယားလုပ်နေသည့်အတွက်သိပ်တော့ကြည်နေတာမဟုတ်ပေ...

"ပေး"

အေးစက်သွားသည့်အမေရိကာနိုခွက်အား ခုံ‌ပေါ်သို့တင်လိုက်ရင်း ကမ်းပေးလာသည့် fileများကိုဆွဲယူလိုက်သည်။

"ရပြီ လစ်တော့ ငါဆင်းရင်ယူခဲ့မယ်"

"အို~မောင်ကလည်း တို့တစ်ခါတည်းယူသွားပေးမယ်"

Testimon with tulips 🌷Where stories live. Discover now