9🌷

552 60 30
                                    

"Gemini...အပေါ်မြန်မြန်ပြန်တက်လာခဲ့ ငါကြောက်တယ်ဟ"

အောက်တွင်အအေးယူနေတုန်းဆရာသမားလေး၏ Line appမှပို့လာသောစာတန်းလေးကြောင့် တွေ့ရာအအေးဘူးကိုဆွဲယူလျက်အပေါ်ထပ်သို့ပြန်ပြေးတက်လာရပြန်သည်...

"Fot"

အခန်းထဲသို့အအေးဘူးကိုင်ရင်းဝင်လာသည့်သူ့အား ပြူးကြောင်ကြောင်လေးဖြင့်ကြည့်နေသည့်ဆရာပေါက်စဟာကိုက်စားပစ်ချင်စရာအတိ...

"ဘာဆင်းလုပ်တာလဲ..."

"အအေးသွားယူတာပါ ဘာသင်မှာလဲဒီတစ်ခါ.."

"အောင်း! ရေခဲသေတ္တာကြီးအခန်းထဲထည့်ထားပြီးအောက်ဆင်းယူရတယ်လို့"

"ဟဲဟဲ ဒီတိုင်းဘဲဆင်းချင်လို့!"

စပ်ဖြီးဖြီးဖြင့်လက်ထဲတွင်ကိုင်ထားသည့် coca-cola ပုလင်းအားမော့သောက်လျက် စာရေးစားပွဲဆီသို့လျှောက်လာခဲ့သည်...

"ကဲ ဘာသင်မလဲဆရာ!"

"မင်းစိတ်ပါတာထုတ်ကြည့်နေလိုက် ငါက homework ပါသေးလို့ရေးအုန်းမယ် "

"Omm"

ဘေးနားသို့ထွက်နေသောထိုင်ခုံအားခြေထောက်ဖြင့်ဆွဲယူလိုက်ရင်းဆရာပေါက်စ၏ရှေ့တည့်တည့်တွင်ဝင်ထိုင်လိုက်သည်...

စာရေးခုံပေါ်မေးထောက်လျက်ဆရာပေါက်စ၏မျက်နှာချောချောလေးအားစိုက်ကြည့်လိုက်တော့ မျက်စောင်းလေးတစ်ပွင့်ဟာ ဒိုင်းခနဲ.....

"မင်းစာလုပ်လေ ငါ့မျက်နှာမှာစာမရှိဘူးနော်"

"ဒါပေမဲ့ မင်းမျက်နှာလေးကချစ်စရာကောင်းတယ်လေ!"

နားရွက်ထိပ်ဖျားလေးများနီမြန်းလျက်...အသံထက်လက်မြန်သည့်ဆရာပေါက်စမှာ သူ့လက်မောင်းအားရိုက်လာသည်...

"စာလုပ်စမ်းပါ Norawit ရဲ့ လိုက်ပြောင်မနေနဲ့"

အံကြိတ်ကာပြောလျက်စာကိုအာရုံပြန်စိုက်နေသည့်ဆရာပေါက်စအားကြည့်ရင်းအသည်းတွေဟာယားကျိယားကျိ...!

စာရေးနေသည့်ဆရာပေါက်စ၏လက်လေးအား phone ဖြင့်ဓာတ်ပုံရိုက်ယူလိုက်သည်။

Testimon with tulips 🌷Where stories live. Discover now