12🌷

553 57 36
                                    

".............."

ပြောစရာစကားများဟာကြက်ပျောက်ငှက်ပျောက်ပင်....

"ငါ...ငါမင်းနဲ့ satang kittiphop ဆိုတဲ့ကောင်ကိုတွဲမြင်ရင် ငါ့ရင်ထဲမီးလောင်နေသလိုဘဲသိရဲ့လား Fourth!!"

"ငါချစ်ရတဲ့သူတစ်ယောက်ကို ငါ့ရဲ့ကမ္ဘာ့ရန်ဘက်ကြီးနဲ့အတူပျော်နေတာကိုမြင်နေရတဲ့မြင်ကွင်းကလေ..ငါ့...ငါ့ကိုအရှင်လတ်လတ်ငရဲခံနေခိုင်းသလိုဘဲ...မင်းသိလား!! မင်းအဲ့တာတွေသိလား Fourth!!"

ပုခုံးကိုခပ်ကြမ်းကြမ်းကိုင်လှုပ်ကာဆိုလာသည့် Gemini ကြောင့်မျက်ဝန်းထဲတွင်လဲ့နေသည့်မျက်ရည်စများဟာစီးကျလာခဲ့လေပြီ....ရုတ်တရက်ခေါင်းထဲသို့တိုးဝင်လာသည့်အတိတ်ဆိုးတွေ..ခေါင်းတွေမူးနောက်လာသည်...

"ပေါက်စ....ပေါက်စ...ငါ ငါတောင်းပန်ပါတယ်"

တစ်သွင်သွင်ကျဆင်းနေသည့်ပါးပြင်ပေါ်မှမျက်ရည်များအားသုတ်ကာဆိုလာသည့် Gemini အား အဝေးသို့တွန်းထုတ်လိုက်သည်...

"မကပ်နဲ့...ငါ့မနားမကပ်နဲ့!"

နားနှစ်ဖက်ကိုလက်ဖြင့်ပိတ်ရင်းအော်လိုက်သည်...ဟင့်အင်း ဘာမှထပ်မကြားချင်တော့ဘူး...

အတိတ်ကကြောက်စရာဒဏ်ရာဟောင်းတွေဟာမြင်ကွင်းထဲပြန်ပေါ်လာခဲ့သည်....ရှိနေသည့်အသိစိတ်ဟာလွတ်ထွက်သွားခဲ့ကာ ကားတံခါးအားတွန်းဖွင့်ရင်း လမ်းမပေါ်သို့တက်လိုက်သည်....

အရှိန်ဖြင့်မောင်းနှင်လာသောကုန်တင်ကားတစ်စီး....

လမ်းမအလယ်သို့ရောက်ရှိသွားသည့် Fourth...

"အားးးးးး!!!!!"

"ပေါက်စ!"

*ဒုန်း!!!*

ကျယ်လောင်သည့်တိုက်သံကြီးနှင့်အတူ သူဘေးသို့လွှင့်စင်ထွက်သွားခဲ့၏...အသားကုန်မှိတ်ထားသောမျက်စိအား ဖွင့်လိုက်ရင်းမတ်တပ်ရပ်ကာကိုယ့်ကိုယ်ကိုပြန်စမ်းကြည့်မိသည်...

*ဟင်..ငါ ဘာ..ဘာမှမဖြစ်ဘူး!*

အကြောင်သားဖြင့်ရပ်နေတုန်း ကုန်တင်ကားကြီးရပ်နေသည့်နေရာသို့အကြည့်ရောက်သွားသည်...

လူများအုံနေသည့်နေရာသို့ပြေးသွားရင်းတိုးဝင်လိုက်သည်...

Testimon with tulips 🌷Where stories live. Discover now