14🌷

703 63 13
                                    

Flash back>>>>>

ဆောင်းတွင်းကုန်အပြီး ရောက်ရှိလာခဲ့တဲ့ နွေဦးရာသီ~

နန်းတော်ကြီးလိုကြီးမားလှသည့်အိမ်တော်ကြီးအတွင်းမှပြေးထွက်လာခဲ့သည့် Titicharoenrak အိမ်ကြီးရဲ့သခင်‌ပေါက်စလေးနှစ်ယောက်....

"ကိုကို ကျတော်တို့ဒီနေ့ဘာကစားကြမလည်း?"

ရေကူးကန်အနားတွင်ထားရှိသည့် ခုံတန်းရှည်ပေါ်တွင်နှစ်ယောက်သားထိုင်ရင်းဆွေးနွေးနေကြခြင်း....

"ညီလေး ဘာလုပ်ချင်လဲပြောကြည့်လေ"

ဖြေလိုက်ရင်း...နှုတ်ခမ်းလေးစူကာမေးလာသည့်9နှစ်အရွယ် ညီဖြစ်သူ Gemini Norawit အား Satang တစ်ယောက်အသည်းယားစွာပင်ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုညှစ်လိုက်သည်....

"နာတယ် မလုပ်နဲ့"

သူ့လက်အားပုတ်ချကာမျက်မှောင်ကြုံ့ရင်းပြောလာသည့်ကလေးပေါက်ကိုသူအသည်းယားလို့မဆုံးနိုင်ပါ...

"အာ ကိုကို ကျတော်သိပြီ"

မျက်လုံးဝိုင်းဝိုင်းလေးဖြင့်သူ့ကိုကြည့်ကာပြောလာသည့် ညီဖြစ်သူအားကြည့်ရင်း ခပ်ဟဟရီလိုက်သည်။

"ပြောကြည့်လေ ညီလေး"

"ကျူးလစ်ပန်းတွေစိုက်ကြရအောင်"

Satang အသံထွက်ရီမိခဲ့သည်....

*ငါ့ရဲ့ညီငယ်က ကျူးလစ်ကိုတအားသဘောကျပုံဘဲ~*

အတွေးထဲမျောနေရင်း လက်ကိုဆွဲကာခေါ်သွားခဲ့သည့်ညီငယ်ကြောင့် ပြုံးပြုံးကြီးသာပါသွားရလေသည်...

............................………………
ကျူး‌လစ်*ဆိုတဲ့ပန်းလေးတွေကို ကျူးလစ်ကြိုက်တဲ့ကောင်ငယ်လေးနဲ့အတူစိုက်ပျိုးနေစဉ်မှာဘဲ အနောက်ဘက်ကထွက်လာတဲ့အသံကြောင့် ပြုံးပျော်နေသည့်သူ့မျက်နှာဟာချက်ချင်းဆိုသလိုတည်တံ့သွားခဲ့ရသည်...

"သားကြီး မာမီနဲ့လိုက်ခဲ့ပါအုန်းကွယ်"

ပုခုံးပေါ်ရောက်လာသည့်မာမီလက်အား တွန်းဖယ်ရင်းမတ်တပ်ထလိုက်သည်...ထို့နောက် ညီငယ်ကလေးအား ခဏနေခဲ့ဖို့ပြောရင်း မာမီ့နောက်သို့လိုက်ခဲ့သည်...

Testimon with tulips 🌷Where stories live. Discover now