13🌷

561 57 37
                                    

၇ရက်မြောက်နေ့...

Gemini မေ့မျောနေသည်မှာတစ်ပါတ်တိတိရှိချေပြီ....ထိုနေ့များတွင်သူမသွားသည့်နေ့တစ်ရက်မှတောင်မရှိခဲ့ချေ...ကောင်လေးအရမ်းသဘောကျသည့်ကျူးလစ်ပန်းစည်းငယ်လေးများအား အမြဲတမ်းသတိတရဖြင့်ပင် ဝယ်ကာယူလာခဲ့သည်...

တနင်္ဂနွေပိတ်ရက်ဖြစ်တာကြောင့် ဝယ်နေကျပန်းဆိုင်လေးဆီသို့ လမ်းလျှောက်ကာသွားလိုက်သည်။

"Khon fourth ဒီတစ်ခါဘာအရောင်လေးလဲ"

နေ့တိုင်းလိုလိုဝယ်‌နေသည့်သူ့အားဆိုင်ရှင်မှာလည်းရင်းနှီးနေပြီ...အပြုံးချိုချိုလေးဖြင့်ဆိုလာသည့်ဆိုင်ရှင်မမလေးအား အဖြူရောင်လေးပေးရန် ပြောလိုက်သည်...

"ရပါပြီရှင့် ဒီအပြာရောင်လေးကကျွန်မလက်ဆောင်ပေးတာ"

အဖြူရောင်ကျူးလစ်များ၏အလယ်ကျကျနေရာတွင်အပြာရောင်ကျူးလစ်လေးထိုးကာပေးလာ၏...

လှမ်းယူလိုက်ရင်းငွေရှင်းကာ ထွက်လာခဲ့သည်....ဘတ်စ်ကားမှတ်တိုင်ဆီသို့တစ်ခါထပ်လျှောက်လာရင်းစောင့်နေလိုက်သည်...

စောင့်နေရင်းလက်ထဲရှိပန်းစည်းလေးစီသို့အကြည့်ပို့မိသည်...အရင်ကပန်းမကြိုက်ခဲ့သော်လည်း... Gemini ကြောင့် သူကျူးလစ်ကိုစတင်သဘောကျလာခဲ့၏..

ကျူးလစ်ပန်းဟာအရောင်အလိုက်အဓိပ္ပာယ်ကွဲပြားတယ်ဟုသာကြားဖူးသော်လည်းသူတိတိကျကျမသိပါ...သို့သော် Gemini နှင့်တွေ့ဆုံပြီးသည့်နောက်ပိုင်း သူကျူးလစ်အရောင်များ၏သဘောတရားကိုသိချင်စိတ်များဖြစ်လာမိသည်။

သူသိထားသလောက်အဖြူရောင်ဟာတောင်းပန်ခြင်းနဲ့သူငယ်ချင်းဖြစ်ခွင့်တောင်းခြင်းဟုဆိုပြီး အပြာရောင်ကတော့"မင်းကငါ့ရဲ့ကံကောင်းစေတဲ့ဆုလာဘ်လေး"လို့အဓိပ္ပာယ်ကောက်လို့ရပါတယ်တဲ့...

အတွေးပေါင်းစုံဖြင့်လွှင့်မျောနေရင်း ကားရောက်လာတာကြောင့်အတွေးများဟာရပ်တန့်သွားခဲ့ရသည်..

.......……….….....…………………
"အမ Lari"

Gemini ၏အခန်းထဲတွင်ထိုင်နေသည့်အမ၏နာမည်အားရေရွတ်လိုက်မိတော့သူ့ကိုကြည့်လာသည်။

Testimon with tulips 🌷Where stories live. Discover now