16🌷

547 52 33
                                    

January.30..!

Geminiဟာသူ့အချစ်ကိုလျော်ကြေးအဖြစ်တောင်းခဲ့၏~

Gemini Norawit ဆိုသည့်ကောင်ဆိုးလေးနဲ့အတူနေနေရသည်မှာ ၂လကျော်ပြီ...အချိန်တိုလေးအတွင်းမှာပင် Gemini ဟာအရာအားလုံးအကောင်းပကတိပြန်ဖြစ်ခဲ့၏...

ဆေးရုံကနေဆင်းဆင်းခြင်းပင်Gemini ဟာ သူ့အားပြန်လာနေရန်အတင်းခေါ်သည်...

ငြင်းဆန်ဖို့လုပ်ထားပေမဲ့လည်း ကောင်ငယ်လေး၏မိဘများကပါ‌တောင်းဆိုလာကြတော့ အားနာနာဖြင့်သာ Titicharoenrak အိမ်တော်ကြီးဆီသို့နောက်ထပ်တဖန်ရောက်လာခဲ့ပြန်လေသည်...

ခုတင်ပေါ်ထိုင်ရင်း ရေချိုးနေသည့် Gemini အား‌စောင့်ဆိုင်းနေလိုက်သည်...

ပန်းခြံသွားရအောင် ပေါက်စ*ဟူသည့်စကားကြောင့် သူချိန်းဆိုထားသည့် အလုပ်မှန်သမျှအကုန်ဖျက်ကာ စောင့်နေရခြင်း...

အတွေးမျောနေတုန်း ရေကျသံတွေဟာရပ်စဲသွားခဲ့ပြီး... Gemini တစ်ယောက်ခါးတွင်သဘက်တစ်ထည်ပတ်လျက် ထွက်လာသည်..

"ဘာလို့ကြာနေတာလဲ အအေးပတ်အုန်းမယ်"

ခပ်အေးအေးအပြုံးလေးနှင့်အတူလျှော်ထားသောခေါင်းအားသုတ်ကာသူ့ဆီသို့လျှောက်လာသည်...ထို့နောက် သူ့ပေါင်ပေါ်အားလှဲချကာ သုတ်လက်စသဘက်အား သူ၏လက်ထဲသို့ထိုးပေးလာခဲ့သောကောင်ဆိုးလေး!.....

"Chee Yarrr....Gemini ငါ့ဘောင်းဘီတွေစိုကုန်ပြီလေ"

ဆူလိုက်တော့ချက်ချင်းပင်မျက်လုံးများဟာpuppy eyeအသွင်ပြောင်းသွားခဲ့ပြီး သူ့အားလက်အုပ်ချီကာတောင်းပန်လာ၏...

"တောင်းပန်ပါတယ် khon ပေါက်စလေး ခမျ"

အပိုတွေလုပ်ပြနေသည့်သူဌေးသားလေး၏ခေါင်းအားခပ်ဖွဖွခေါက်လိုက်ရင်း ရေမခြောက်သေးသည့်ဆံပင်စိုကိုသုတ်ပေးလိုက်သည်....

"ဘယ်ပန်းခြံသွားဖို့စီစဉ်ထားတာလဲ?"

မျက်လုံးလေးမှိတ်ရင်းဇိမ်ခံနေသည့်Geminiအား မေးလိုက်တော့ မထင်မှတ်တဲ့အဖြေတစ်ခုကိုရလာသည်...

"ကိုယ်ဖွင့်တော့မဲ့ပန်းခြံလေ မဖွင့်ခင်ပေါက်စကိုအရင်ဆုံးလိုက်ပြချင်လို့"

Testimon with tulips 🌷Where stories live. Discover now