8🌷

588 62 52
                                    

"မှာလေ ဘာစားမှာလဲ?"

ဆရာကြီးဆိုဒ်ဖြင့်ပြောလာသည့် satang အားဇာတ်ပိုးအုပ်ချင်စိတ်ကိုချိုးနှိမ်ရင်းကမ်းပေးလာသည့် Menu အားဆွဲယူလိုက်သည်...

"ငါကြိုက်သလောက်စားမယ် မင်းရှင်းမှာလား?"

မျက်ခုံးပင့်ကာမေးလိုက်တော့ ဂျူဆီကုတ်အင်္ကျီရှိအိတ်ကပ်ထဲမှ Black card ကိုထုတ်ပြလာသည်...

"သူငယ်ချင်းလေးကြိုက်သလောက်စား ကျသလောက်ကိုငါရှင်းမယ်!"

အမြင်ကပ်စရာမျက်နှာဘေးဖြင့်ပြောလာသည့်သူဌေးသားအား ကြည့်ရင်းခေါင်းသာခါလိုက်မိသည်...

*သူတို့ကြတော့လည်းဖြုန်းနေလိုက်ကြတာများ လွန်ပါလေရော!*

ခေါင်းတခါခါဖြင့်ပင် မှာယူရန်အတွက် Menuကိုဖွင့်စဉ်အနောက်ဘက်မှထွက်ပါ်လာသည့်ခပ်ရှရှအသံကြောင့် လှည့်ကြည့်လိုက်မိ၏...

"Fot.!ကျတော့်ကိုစာသင်ရအုန်းမယ်လေ!"

ဘယ်ကမှန်းမသိရောက်ချလာသည့်Geminiကြောင့်မျက်လုံးပင်ပြူးသွားရသည်...လွယ်အိတ်တဖက်လွယ်ကာဘောင်းဘီအိတ်ထဲလက်ထည့်လျက် satang အားမျက်စောင်းထိုးကာပြောနေသည့်သူကြောင့် ပြာပြာသလဲလဲပင် အနားရှိခုံပေါ်၌တင်ထားသောလွယ်အိတ်အနက်လေးအားကောက်လွယ်လျက်..

"ဖရန့် ငါနောက်မှဘဲစားတော့မယ်နော် အခုတော့အလုပ်ရှိသေးလို့သွားတော့မယ်"

"အောင်း..! Ai fourth!"

လှမ်းခေါ်နေသည့် satang အားကျောခိုင်းရင်း မျက်လုံးမှမီးထွက်တော့မည့်Geminiအား ဆိုင်အပြင်သို့ဆွဲထုတ်လာခဲ့ရတော့သည်...

"Gemini...ဘယ်လိုရောက်လာတာလဲ?"

အံ့ဩသည့်မျက်နှာဖြင့်မေးလာသောသူ့အား Gemini ဟာစိတ်ဆိုးသလိုကြည့်လာသည်...

"ငါလာခေါ်မယ်ဆိုတာကို ဘာကိစ္စအဲ့ဒီကောင်နဲ့လိုက်လာရတာလဲ?"

လက်ပိုက်ကာလေသံမာမာဖြင့်ပြောလာသည့်Geminiကြောင့် မျက်ရည်လေးများဝဲတက်လာခဲ့သည်...

"ဟမ်..fot ငါဆူတာမဟုတ်ဘူးနော် ငါတောင်းပန်ပါတယ် ဒီတိုင်းငါကဟိုကောင်နဲ့တွေ့တော့စိတ်ဆိုးသွားရုံပါ ငါတောင်းပန်ပါတယ်နော်"

Testimon with tulips 🌷Where stories live. Discover now