11🌷

577 59 38
                                    

"ငါညနေတစ်ချိန်ပြီးရင်လာ‌မယ်နော် စောင့်နေကြားလား ပေါက်စ"

အတန်းတက်တာခြင်းအတူတူ ညနေချိန်တစ်ချိန်ပိုနေတာကို သူ့ကိုစိတ်မချနိုင်ဖြစ်နေသောသူဌေးသားအား သိပ်မပြောချင်တာကြောင့် အင်းအင်းဟုသာခေါင်းငြိမ့်ပြလိုက်သည်...

"Ai fourth မင်းငါတို့ကိုအရမ်းပလစ်လာတာဘဲနော်"

ရောက်ရောက်ချင်းပင်အိတ်ကိုပစ်ချလျက်ပြောလာသည့် Winynny ကြောင့်မျက်ခုံးများပင့်တက်သွားရ၏...

"ဘာလဲ အစအဆုံးမရှိ ငါကဘာပလစ်လို့လဲ"

နားမလည်သလိုကြည့်လိုက်ရင်းမေးခွန်းထုတ်တော့ promကပါ ဝင်လာခဲ့ပြီးပြောသည်...

"အောင်း! အရင်ကဆိုဘယ်ခေါ်ခါ်မင်းအားနေရောလေ အခုလေးများမုန့်သွားစားဖို့တောင်ငြင်းနေတာ Nattawat တို့"

မျက်စောင်းတစ်ခဲခဲဖြင့်ဝင်ထိုင်ကာပြောလာသည့် promနှင့် အနောက်ဘက်တွင်ထိုင်နေသည့် Gemini အားမျက်စပစ်ပြလာသော Winynny ကြောင့်သူတို့စိတ်ဆိုးရသည့်အကြောင်းအရင်းအား အတိအကျသိရလေတော့သည်...

"အမလေးကွာ မပြောပါနဲ့ ငါတို့ဖရန့်လေးက celebrityလေး တစ်ယောက်နဲ့အလုပ်ရှုပ်နေတယ်ထင်ပါရဲ့"

Winynny ၏ခပ်ရွဲ့ရွဲ့စကားအဆုံးတွင် ထိုလူသား၏ခေါင်းအား ‌ဂွက်ခနဲမြည်အောင်ခေါက်ချလိုက်တော့သည်။

"မင်းအဖေကိုလား...!!"

"ရှက်ရမ်းရမ်းနေပြန်ပါပီ"

Promဟာ ခေါင်းတခါခါဖြင့်ပြောရင်းPhoneအား သူ့အရှေ့သို့ထောင်ပြလာ၏...

*Gemini Norawit IG?*

"အင်း ဒီလက်ပိုင်ရှင်ကြီးကိုငါတို့ကမသိဘူးဆိုတော့လေ အင်းပေါ့"

prom၏စကားကြောင့် ပါးနှစ်ဖက်ဟာနွေးခနဲ...အရင်ကသူ့ပုံတွေသာတင်ခဲ့သော်လည်း အခုနောက်ပိုင်းတွင် Gemini ဟာ သူ့ရဲ့အစိတ်အပိုင်း သူနဲ့ပတ်သက်တဲ့အရာတစ်ခုခုကိုတင်လာတာကြောင့် သူဟာ သူငယ်ချင်းနှစ်ယောက်တွင်သာမကတစ်ကျောင်းလုံး၏အာရုံစိုက်မှုကိုလည်းမကြာခဏခံရလေ့ရှိသည်... Gemini နှင့်တွဲသွားတွဲလာလုပ်တတ်သည့်အခါမျိုးတွင်ပိုဆိုး၏...

Testimon with tulips 🌷Where stories live. Discover now