Extra 🌷🔞

1.1K 64 10
                                    

ဆောင်းဦး~

မိုးဦးကုန်လို့ဆောင်းဦးတောင်ရောက်ခဲ့လေပြီ....ခပ်ဖွဲဖွဲကျနေတဲ့နှင်းတွေနှင့်အတူ New York ရဲ့တစ်နေရာမှာ သူတို့အခြေချနေကြသည်...

တစ်နေ့လောက်ကရောက်ရှိလာသည့်အမဖြစ်သူနှစ်ယောက်၏ မင်္ဂလာပွဲဖိတ်စာကြောင့် ပွဲတက်ဖို့အတွက်ပြင်ဆင်နေရခြင်းသာ...

ဗီရိုထဲရှိအံဆွဲထဲတွင်နက်ခ်တိုင်‌ရွေး‌နေသည်မှာကြာလှပြီဖြစ်သည့်သူ့အား သက်ငယ်မှာ သိပ်မကြည်တော့သည်ပုံ...

"ဒီတစ်သက် မင်းအဲ့တာရွေးလို့ရောပြီးမလား?"

စိတ်မရှည်သည့်ခပ်စွာစွာ လေသံလေးနှင့်အတူ အနားသို့လျှောက်လာခဲ့ပြီး တွေ့ရာနက်ခ်တိုင်တစ်ခုကိုဆွဲယူကာ သူ့လည်တိုင်တွင်ချည်ပေးလာသည်။

"သက်ငယ်ရွေးပေးမှာဘဲ ကိုယ်စိတ်တိုင်းကျသွားတော့တယ်~"

သူ့စကားကို သက်ငယ်ဟာမျက်မှောင်ကြုံ့ကာကြည့်လာသည်..

"ငါမရှိရင် မင်းဘယ်လို.."

"ရှူး"

အဓိပ္ပာယ်မရှိလှသည့်စကားလုံးများအားပြောလာသည့် သက်ငယ်ရဲ့ပါးစပ်ကလေးပေါ်သို့လက်ညိုးတင်ရင်း ဟန့်တားလိုက်၏..

"ကိုယ့်အနားမှာမင်းကတစ်သက်လုံးရှိ‌နေရမှာ...သိရဲ့လား ကိုယ့်ရဲ့သက်ငယ်"

ခေါင်းတစ်လုံးစာကွာနေသည့်သက်ငယ်ဆီသို့ ခါးအနည်းငယ်ကိုင်းလိုက်ရင်း မျက်နှာနားသို့တိုးကပ်ကာဆိုလိုက်တော့..နားရွက်ဖျားလေးတွေဟာသိသိသာသာရဲတက်လာသည်...

သူ့လက်အားဖယ်ချကာ လုံးလုံးလေးဖြင့်ပြေးထွက်သွားသည့်သက်ငယ်ဟာသိပ်ကိုချစ်စရာကောင်းလွန်းသည်...

ခပ်ဟဟရီလိုက်ရင်းအပေါ်ကုတ်ကိုဝတ်ကာ ပြေးထွက်သွားသည့်နှလုံးသားသခင်လေးဆီသို့အလျင်မီအောင်ပြေးလိုက်ရတော့သည်...

............................................
New York မြို့ရဲ့ 5 Star hotel တွင်ကျင်းပသည့် မင်္ဂလာပွဲတစ်ခု..

တစ်ကယ့်မျိုးရိုးဂုဏ်နဲ့နာမည်ရှိသူတွေသာတက်ရောက်လာကြသည့် ပွဲ...မျက်စိကစားလိုက်ရင်း စပ်စုကြည့်မိတော့ Gemini ကသူ့ကိုကြည့်လာသည်...

Testimon with tulips 🌷Where stories live. Discover now