18🌷

541 52 25
                                    

--------------4 Year later--------------

၄နှစ်....ဒီအတောအတွင်း တော်တော်ပျော်ခဲ့ကြရသည်...နောက်ဆုံးနှစ်အထိ အားလုံးဟာသူဟာသူအတိုင်းလေးပင် တည်တံ့နေဆဲ....

သို့သော် သူတို့ဘဝတွေထဲသို့တိုးဝင်လာခဲ့သည့်အလုပ်တာဝန်ဟာ သူတို့တစ်ယောက်ချင်းစီတိုင်းကို တစ်နေရာစီဖြစ်စေခဲ့သည်...

နောက်ဆုံးနှစ်ပြီးဆုံးသွားသည့်အချိန်တွင်...အကုန်လုံးဟာသူ့အလုပ်နှင့်သူဖြစ်ကုန်ကြသည်...

Winynny ဟာ အင်ဂျင်နီယာဖြစ်သွားသည့်အတွက် သူဟာ USသို့မဖြစ်မနေသွားခဲ့ရသည်....

Promဟာလည်း ရှေ့နေတစ်ယောက်ဖြစ်သွားခဲ့ပြီး ဥပဒေရေးရာဘက်တွင်တာဝန်ထမ်းဆောင်နေရသည်...

Aun Napat ဟာလည်းပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့သည်...

Satang ဟာလည်းဆရာဝန်တစ်‌ယောက်အနေဖြင့် တာဝန်ကျသည့်ဆေးရုံတိုင်းကိုရွေ့ပြောင်းနေရသည့်အတွက်နေရာအတိအကျမရှိပေ...Markဟာလည်း သရုပ်ဆောင်လောကဘက်တွင်အခြေချနေပြီဖြစ်သည်...

ကိုယ်စီကိုယ်ငှဘွဲ့ရသွာခဲ့ကြတဲ့သူတို့နှစ်ဦးရဲ့ရည်းစားဘဝဟာလည်း နောက်ဆုံးနှစ်မှာတင်ပြတ်တောက်ခဲ့သည်....

မြို့ပြအင်ဂျင်နီယာတစ်ယောက်ဖြစ်သွားခဲ့သည့်သူနှင့် စီးပွားရေးလုပ်ငန်းထဲသို့ခြေချတော့မည့် Gemini ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်သွားခဲ့ရပါသည်..

Winynnyနှင့်အတူထိုင်းနိုင်ငံမှထွက်သွားရတော့မည့်သူ့အား Gemini တစ်ယောက်ထွက်မသွားဖို့ ဒူးထောက်ကာ တစ်ညလုံးတစ်သွင်သွင်တောင်းပန်နေခဲ့သည်...

"မသွား..sob*ပါနဲ့ သက်ငယ် ကိုယ်စကားနားထောင်ပါ့မယ် sob*ကိုယ့်ကို မထား...မထားခဲ့ပါနဲ့သက်ငယ်ရယ်~"

Luggageထဲသို့အဝတ်များထည့်နေသည့်သူ၏ ခြေထောက်ကိုဆွဲကာ အသက်ရှုကြပ်မတတ်ငိုယိုရင်းပြောနေသည့် ချစ်ဦးသူကို သူသိပ်သနားမိပါသည်...

အဝတ်အစားများထည့်နေသည်ကိုခဏရပ်လိုက်ကာ...မျက်ရည်များပိုးပိုးပေါက်ပေါက်ကျနေသော ကောင်ငယ်လေး၏ခေါင်းလုံးလုံးလေးအားပွတ်လေးလိုက်ရင်း ဖက်တွယ်ထားသည့် သူ့ခြေတစ်ဖက်ကိုရုန်းထွက်ကာ ကောင်‌ငယ်လေးရှေ့သို့ဒူးထောက်ထိုင်ချလိုက်သည်...

Testimon with tulips 🌷Where stories live. Discover now