21🌷

716 52 81
                                    

ချစ်ရသူ၏လက်ကောက်ဝတ်လေးအားဆွဲကာ ရုံးခန်းထဲသို့ခေါ်လာခဲ့သည်...

သက်ဆိုင်သူပေးသည့်ပန်းစည်းကြီးကို sofa‌ပေါ်ချထားလိုက်ရင်းမျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်နေသည့်အလှလေးအား ခါးလေးမှကိုင်ကာ အလုပ်စားပွဲပေါ်သို့ မ"တင်လိုက်တော့ အပြုံးလှလှလေးကိုတွေ့လိုက်ရသည်..

"သက်ငယ်"

"အင်း...ပြော‌လေ Gemini"

ချစ်စရာကောင်းလွန်းနေသည့်သက်ဆိုင်သူ၏နှုတ်ခမ်းဖူးလေးဆီသို့ ဦးတည်လိုက်ရင်း နူးညံ့သည့်အနမ်းတစ်ပွင့်ကိုခြွေလိုက်သည်...

"ခ်ခ်...ဒီအအတောအတွင်း ငါ့ကိုအများကြီးစိတ်ဆိုးနေခဲ့မှာဘဲ ဟုတ်?"

Gemini ၏နီရဲနေသည့်နှာထိပ်လေးအားလက်ညိုးဖြင့်ထိလိုက်ရင်း ဆိုတော့ Gemini ဟာ နောက်ထပ်တစ်ဖန်သူ့ရင်ခွင်ထဲသို့တိုးဝင်လာခဲ့သည်....

"အစကတော့အဲ့လိုပေမဲ့ အခုသက်ငယ်ရဲ့နတ်သားတမျှလှလွန်းတဲ့မျက်နှာလေးကြောင့် ကိုယ်အကုန်မေ့ပျောက်သွားရပြီ~"

Gemini Norawit သူဌေးသားလေးရဲ့စကားလုံးလှလှတွေကြားမျောပါသွားခဲ့ပြီ~...ရင်ခွင်ထဲအပ်ထားသည့်မျက်နှာချောချောအား လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ အကြည့်ချင်းဆုံစေလိုက်သည်...

"ငါမင်းကို ချစ်တယ်နော် Gemini Norawit"

ထပ်မံထိကပ်သွားတဲ့နှုတ်ခမ်းသားများ....
နူးညံ့လှသည့်အနမ်းတွေနှင့်အတူ လွမ်းဆွတ်ခဲ့ရသည့် နေ့ရက်တိုင်းအတွက် ဖြေသိမ့်ရင်း..

.............................…………………
"Gemini ~ငါ့ကိုဘာလို့ချစ်တာလဲဟင်"

Gemini ပေါင်ပေါ်တွင်ခေါင်းလေးအုံးကာ ကြည့်မဝသည့်မျက်နှာချောချောအားငေးကြည့်ရင်း မေးခွန်းတစ်ခုကိုထုတ်လိုက်၏..

"ကိုယ့်မှာအဖြေမရှိဘူး သက်ငယ်...မင်းဖြစ်နေလို့ကို ချစ်တာ"

"ငါ့ကိုချစ်တယ်ဆိုတာကို ဘယ်လိုယုံကြည်ရမှာလဲ?"

"ကိုယ်မင်းကိုချစ်တယ်ဆိုတဲ့အကြောင်း...ကိုယ်သိပ်သဘောကျရတဲ့ကျူးလစ်ပန်းတွေကိုသက်သေတည်ပြီး ပြောရဲပါတယ် သက်ငယ်~"

Testimon with tulips 🌷Where stories live. Discover now