7🌷

596 65 75
                                    

မျက်နှာပေါ်သို့ကျရောက်လာသည့်အလင်းရောင်ခပ်စူးစူးကြောင့် မျက်လုံးကိုအားယူကာဖွင့်လိုက်သည်...

"နိုးပြီလား ဆရာ!"

သိပ်မရင်းနှီးသေးတဲ့အသံနှင့်အတူ အနားသို့ရောက်ရှိလာသည့်လူတစ်ယောက်ကြောင့် ခဏတာပျောက်ဆုံးသွားခဲ့တဲ့ညကမှတ်ဉာဏ်အချို့ကိုတူးဆွရန်အားထုတ်ရတော့သည်...ဒါပေမဲ့လည်း အရမ်းကိုကောင်းလွန်းတဲ့ဦးနှောက်ကမမှတ်မိတော့ဘူးလေ.?

*ညကဘာတွေဖြစ်ခဲ့တာလဲ..*

ကိုယ့်ကိုယ်ကိုပြန်စမ်းကြည့်မိသည်...အဝတ်အစားတွေဟာလည်း ဝတ်လာသည့်ဟာမဟုတ်သလို ခပ်ဖျော့ဖျော့မိုးပြာရောင် pajamas ကအစားဝင်လို့နေသည်...

အင်္ကျီအားစမ်းသပ်ရင်းမျက်လုံးပြူးမျက်ဆံပြူးဖြင့် Gemini ကိုမော့ကြည့်မိသည်...သူ့အကြည့်ကိုမြင်တော့ သူဘာတွေးတယ်ဆိုကိုတန်းသိသွားဟန်တူပါသည်...

အမြင်ကတ်စရာရီသံနှင့်အတူ အနားသို့ကပ်ထိုင်လာသည့် Gemini..

"ဘာဖြစ်လို့လဲဆရာရဲ့ ကျတော်ဆရာ့ကိုဘာမှမလုပ်ပါဘူးနော်!"

ထိုစကားကြားလေမှသက်ပြင်းခပ်ရဲ့ရဲ့ချရင်း စိတ်လျော့လိုက်သည်..ဒါပေမဲ့လည်း ဝတ်စုံက...

"ညကဆရာကျတော့်ကိုသင်နေရင်းအိပ်ပျော်သွားတာလေ အဲ့တာကြောင့်ကျတော်ခုတင်ပေါ်ခေါ်လာတာပါ... ဆရာ့ကြည့်ရတာချွေးတွေတအားထွက်နေတော့ချွေးနဲ့အအေးပတ်သွားမှာဆိုးလို့ အဝတ်အစားလဲပေးခဲ့တာပါ ကျတော်ဆရာ့ကို လက်ဖျားလေးနဲ့တောင်မှမထိခဲ့ပါဘူးဗျ..."

ရီသံစွက်ရင်းဖြေလာသည့်အဖြေကြောင့် ရင်ထဲတွင်တစ်နေသောအလုံးကြိးဟာလျှောကျသွားတော့သည်...

"အဝတ်အစားလဲပေးတာ‌အတွက် ကျေးဇူးဘဲ"

သူ့စကားကြောင့် Gemini ဟာခေါင်းငြိမ့်ပြသည်...ထို့နောက် သူ့အားရေချိုးခန်းသို့လိုက်ပြခဲ့ပြီး *ဝတ်စုံခုတင်ပေါ်တင်ပေးထားမယ်နော်ဆရာ* ဟူသည့်စကားလေးနှင့်အတူ ပြန်လှည့်သွားခဲ့သည်...

*ငါ့တပည့်ကစည်းရှိသားဘဲ!*

.................................
"ဆရာ မွေးနေ့ကဘယ်နေ့လဲဟင်.."

Testimon with tulips 🌷Where stories live. Discover now