17🌷

1.1K 82 39
                                    

ပန်းခြံတစ်ခုလုံးပတ်ကာလိုက်ကြည့်နေရသည်မှာပျင်းလာတာကြောင့် ဘေးနားတွင်ရှိနေသည့် Gemini အားလက်တို့လိုက်သည်...

"Gemini ငါအပြင်ထွက်ချင်တယ်~"

"ဟုတ်ပြီသက်ငယ် ဒါဆိုကိုယ်တို့သွားရအောင်"

ထိုင်နေရာမှမတ်တပ်ထရပ်လိုက်သည့်Geminiကြောင့် သူပါလိုက်ရပ်မိသည်...နှုးညံ့စွာဆုပ်ကိုင်လာသည့်လက်တစ်ဖက်နှင့်အတူ ဆွဲခေါ်သွားခြင်းကိုခံလိုက်ရ၏....

"ငါတို့အခုဘယ်သွားကြမှာလဲ?"

ကားတံခါးဖွင့်နေသည့် Gemini အားမေးလိုက်တော့ သူ့ဘက်သို့လှည့်ကြည့်လာသည်။

"သက်ငယ် ဗိုက်ဆာနေပြီလား? ကိုယ်တို့တစ်ခုခုသွားစားရအောင်လေ"

Gemini အပြောအားခေါင်းညိမ့်ပြလိုက်သည်...ထို့နောက် ကားထဲသို့ဝင်လိုက်ရင်း သူဌေးသားလေးပြောသည့် 5Star Restaurant ဆီသို့ဦးတည်လာခဲ့တော့သည်....

……………………………………
"Gemini"

သူ့ခေါ်ဆိုမှုကြောင့် Gemini ဟာlaptop ‌အပေါ်အာရုံစိုက်နေရာမှသူ့အား လှည့်ကြည့်လာသည်...

"ပြောလေ သက်ငယ်"

"ဘာလို့ ပေါက်စကနေ သက်ငယ်ဖြစ်သွားတာလဲ"

စဉ်းစားဟန် မေးစေ့ကိုလက်ဖြင့်ပွတ်ရင်းမေးလိုက်တော့ Gemini ဟာ သဘောကျစွာရီလေသည်.....

"ကိုယ့်သက်ငယ်က သိချင်တာလား?"

"မသိချင်ရင် ငါမင်းကိုမေးမနေဘူး"

နှုတ်ခမ်းဆူရင်းပြောတော့ Gemini ဟာသူ့ပါးအား ထုံးစံအတိုင်းပင် နမ်းလာသည်...

"မင်းကလေ သိပ်အသည်းယားဖို့ကောင်းတာဘဲ! "

"တော်စမ်းပါ ငါမေးတာကိုဘဲဖြေ..!"

"အရင်ကပေါက်စလို့ခေါ်တာက အရမ်းချစ်စရာကောင်းလို့လေ"

"အွန်းဟုတ်ပါပြီ အခုကျ ငါကချစ်စရာမကောင်းတော့လို့လား?"

အသည်းယားစရာ ရစ်နေသည့် အလှလေးအားGemini တစ်ယောက် အသည်းတွေယားပြီးရင်းယားနေရသည်...

စိတ်အလိုမကျ၍စူထွက်နေသည့်နှုတ်ခမ်းဖူးဖူလေးအား ငုံထားချင်စိတ်ကိုချိုးနိမ်ရင်း အလှလေးလိုချင်နေသည့်အဖြေအား ပေးလိုက်၏...

Testimon with tulips 🌷Where stories live. Discover now