2🌷

703 67 17
                                    

'ဝုန်း..!'

ရုတ်တရက်‌ခုံပေါ်သို့လွှင့်စင်လာသောစာအုပ်အချို့နှင့်အတူ ဒေါသတကြီးဝင်ရောက်လာသော အင်ဂျင်နီယာပထမနှစ်ကျောင်းသားလေး Fourth Nattawat jirochtikul...!

"အဟေးဟေး ငါ့မျက်ခွက်ကြီးကိုလဲလာမှန်ပါအုန်းမယ်"

လွှင့်စင်လာသောစာအုပ်တို့အားရှောင်တိမ်းလိုက်ရင်းမျက်မှောင်ကြုံ့ကာပြောလာသောသူငယ်ချင်းဖြစ်သူ Winynny အား လက်ခလယ်ထောင်ပြလိုက်ကာ နေရာသို့ဝင်ထိုင်လိုက်သည်....

"ဘာတွေဖြစ်လာတာလဲ Ai fourth"

အနောက်ဘက်မှထွက်ပေါ်လာသည့်prom၏မေးခွန်းကြောင့်ခေါင်းခါပြလိုက်ရင်း ခုံပေါ်သို့မှောက်အိပ်လိုက်တော့သည်...

အနားရှိသူငယ်ချင်းနှစ်ယောက်ဟာလည်းပခုံးလေးကိုယ်စီတွန့်လျက်...

......................
အတန်းပြီးတာနှင့်ပင်သူအရင်ဆုံးထထွက်လာခဲ့သည်...အနောက်ဘက်မှအော်ခေါ်နေကြသည့်သူငယ်ချင်းများ၏အသံတွေကိုလည်းလျစ်လျူရှုခဲ့လိုက်သည်...စိတ်ရှုပ်ထွေးစွာပင်ခေါင်းကိုကုတ်ရင်း အမတစ်ဝမ်းကွဲဖြစ်သူ Hayuနှင့်ချိန်းဆိုထားသော canteen ဆီသို့ထွက်လာခဲ့တော့သည်....

"လာပြီလား မောင်လေး"

"အင်း!"

လွယ်အိတ်ကိုခုံပေါ်ပစ်တင်ကာဝင်ထိုင်လာသည့်သူ့ကိုကြည့်ရင်းအမကခပ်ရေးရေးလေးပြုံးသည်...

"ပင်ပန်းနေပြီလား?"

"သေချာပေါက်ပေါ့"

မျက်မှောင်ကြုံ့ကာဆိုလိုက်ရင်းအမHayuထိုးပေးလာသည့်အအေးဘူးအားကောက်သောက်လိုက်သည်။ထို့နောက်လုပ်ရန်ကျန်ရှိသေးသော စာရွက်စာတန်းအချို့အားလွယ်အိတ်ထဲမှlaptopနှင့်အတူထုတ်လိုက်ရင်း အာရုံစိုက်ကာအပြီးသတ်ရန်ပြင်လိုက်သည်...

Hayuတစ်‌ယောက်အလုပ်များစွာဖြင့်ယောက်ယက်ခတ်နေသောမောင်ဖြစ်သူအားကြည့်ရင်းအတွေးနယ်ချဲ့နေမိသည်...မောင်အရင်းမဟုတ်သော်လည်း တစ်ဆွေတစ်မျိုးလုံးတွင်တစ်ယောက်သာပါသည့်သူ့မောင်လေးကိုသူအရမ်းချစ်ပါသည်...အမေဟာငယ်စဉ်ကတည်းကဆုံးပါးသွားခဲ့ပြီးအဖေဟာလည်းနောက်မိန်းမယူသွားခဲ့တာကြောင့် Fourth ခမျာငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိဘမဲ့ဖြစ်ရလေသည်...ထို့ကြောင့် တစ်ယောက်တည်းကူကယ်ရာမဲ့နေသည့်သူ့မောင်လေးအားမကြည့်ရက်တာကြောင့် သူ့အတွက်သူ့မိဘတွေစီစဉ်ပေးထားသည့်တိုက်ခန်းတွင်မောင်ဖြစ်သူအားအတူလာနေစေလေသည်...10တန်းတက်နေသည့်သူဟာ၈တန်းအရွယ်သာရှိသေးသည့်သူ့မောင်လေးအားမျက်နှာမငယ်ရလေအောင်ကိုယ်တိုင်အချိန်ပိုင်းအလုပ်လုပ်၍လိုရာမှန်သမျှတတိုင်းရအောင်လုပ်ပေးခဲ့သည်...ကျောင်းရဲ့နောက်ဆုံးနှစ်ကျောင်းသားအရွယ်ရောက်လာတော့ သူကိုယ်တိုင်လုပ်ကိုင်နိုင်နေပါပြီဟုဆိုကာ သူ့အားအချိန်ပိုင်းအလုပ်များအနားယူစေပြီး ကုမ္ပဏီတစ်ခုတွင်ညပိုင်းဂျူတီဝင်ကာမအိပ်မနားအလုပ်လုပ်လေသည်...သူ့အတွက်ကမိဘအထောက်အပံ့ရှိသော်လည်း.‌.. ကိုယ်တိုင်အားကိုးမှရမည့်မောင်လေးဟာမအိပ်မစားအလုပ်လုပ်နေခဲ့သည်....ငယ်ငယ်ကတည်းက စောင့်ရှောက်လာခဲ့သောသူ့အဖို့ ဒီကလေးအတွက်ကျန်းမာရေးထိခိုက်မှာစိုးရိမ်သလို သူများတွေပျော်ပါးနေချိန်ထိုက‌လေးခမျာအလုပ်ဖြင့်ပိနေမည်ကိုလည်း သူမလိုလားခဲ့ပေ.....ထို့ကြောင့် သက်သက်သာသာဖြင့်လုပ်ခအများကြီးရနိုင်မည့်အလုပ်ကိုသူရှာဖွေပေးခဲ့သည်....တိုက်တိုက်ဆိုင်ဆိုင်ပင် သူငယ်ချင်းမလေး Lariဟာသူ့မောင်အတွက်ကျူတာရှာနေပါသည်ဆိုသောသတင်းကြောင့် မေးကြည့်ခဲ့ရာ "ငါနင့်မောင်လေးကိုကျူတာငှားလို့ရမလား ရသင့်ရထိုက်တဲ့ငွေရဲ့၅ဆကိုပေးမယ်"ဟူသည့် သူဌေးသမီးလေး၏စကားကြောင့်သူလက်ခံခဲ့သည်...ဒါဟာနေ့မနားညမနားအလုပ်လုပ်နေရသည့်စာရေးထက်တော့အများကြီးသက်သာတယ်မဟုတ်ပါလား...

Testimon with tulips 🌷Where stories live. Discover now