10🌷

573 57 30
                                    

၁ပတ်....... Gemini နှင့်အတူတူနေလာခဲ့သည်မှာ ၁ပတ်ပင်ပြည့်သွားပြီဖြစ်သည်....အများကြီးပိုရင်းနှီးလာကြသလို တစ်ယောက်အကြောင်းတစ်ယောက်ပို၍သိလာကြသည်... Gemini ဟာခရေစေ့တွင်းကျပေါင်းသင်းကြည့်မည်ဆိုလျှင်အရမ်းကိုသဘောထားကြီးတဲ့ကောင်လေးတစ်ယောက်ပင်....အေးတိအေးစက်သဏ္ဌာန်ပေါက်နေပေမဲ့လည်း တကယ်တမ်းမြင်အောင်ကြည့်မည်ဆိုရင် သူဟာသိပ်ကိုနူးညံ့လွန်းသည့်သူဌေးသားလေးတစ်ယောက်....

"Gemini game playနေတာတော်သင့်ပြီ လာ စာလာလုပ်!"

ဂိမ်းမက်နေတဲ့တပည့်ဖြစ်သူအားအော်ကာပြောလိုက်တော့ ဆူပုတ်ပုတ်ဖြင့် စားပွဲတွင်ဝင်ထိုင်လာသည်...

"ဆူပုတ်မနေနဲ့ စာမေးပွဲကမင်းဖင်ထဲရောက်နေပြီသိလား"

ထပ်မံဆူငေါက်လိုက်ပြန်တော့ ငိုမဲ့မဲ့မျက်နှာလေးဖြင့်သူ့အားမော့ကြည့်လာသည်....

ညို့ယူနေသည့်မျက်ဝန်းတစ်စုံအားဥပက္ခာပြုလိုက်ရင်း စာအုပ်များကိုထုတ်ခိုင်းလိုက်သည်။

*ဒီကောင်လေးကအလျော့ပေးလို့မရဘူး!*

"ပေါက်စ.....တော်ပြီလေနော် ငါဂိမ်းတိုက်ချင်တယ်!"

"ပေါက်စ"အသည်းယားလို့ပါဟုဆိုကာအမြဲတစေခေါ်နေတတ်တာကြောင့်မခေါ်ဖို့ရာတားမြစ်ထားသည်ဆိုသော်ငြားလည်း ဘယ်လိုပြောပြောတားလို့မရသည့်သူဌေးသားကြောင့်လွှတ်သာထားရသည်...

စာအုပ်ကိုချကာ အနားသို့လာလျက်ကပ်ချွဲနေသည့်သူဌေးသားလေးအားဗိုက်ခေါက်ကိုလိမ်ဆွဲ‌လိုက်တော့ နာကျင်၍ရှုံ့မဲ့သွားသည့်မျက်နှာလေးကိုမြင်လိုက်ရသည်။

"တော်ပြီ ငါတိုက်ခန်းပြန်တော့မယ်!"

စာအုပ်ကိုစောင့်ချကာထွက်သွားဖို့လုပ်သည့်သူ့ကြောင့် Gemini တစ်ယောက် ထိုင်ခုံတွင်ပြန်ထိုင်ကာစာအုပ်ကိုင်တော့သည်...

"မသွားပါနဲ့ ငါစာကျက်နေပြီနော် မသွားပါနဲ့ ပေါက်စ နော် မသွားရဘူးနော်"

သူရီလိုက်ရင်း နေရာတွင်ပြန်ဝင်ထိုင်လိုက်သည်... Gemini ဟာသူထွက်သွားမည်ကိုအတော်ကြောက်သည့်ပုံ....

Testimon with tulips 🌷Where stories live. Discover now