6🌷

620 60 47
                                    

"လာလေ ဆရာ"

Gem Gem"ဟူသည့်ရွှေရောင်စာလုံးလေးများဖြင့်အလှဆင်ထားသည့် အခန်းရှေ့တွင်ရပ်ကာ အဖြူရောင်တံခါးအားဖွင့်ရင်း သူ့အားခေါ်ဆိုလာသည့်တပည့်ဖြစ်သူအား ခေါင်းငြိမ့်ပြရင်း အခန်းအတွင်းသို့ဝင်လာခဲ့သည်။

*Ohh....မိုက်လိုက်တာ!*

အခန်းအဝမှာတင်ရပ်ရင်း အခန်းဟပတ်ပတ်လည်ကိုမျက်စိကစားကာကြည့်နေမိသည်....သူ့တို့တိုက်ခန်းထက်တောင်အနည်းငယ်ကျယ်လှသည့်အခန်းကြီးဟာ တစ်ယောက်အိပ်တဲ့အခန်းပါတဲ့..! တံခါးနားရှိနံရံတွင် LEDမီးများဖြင့်အလှဆင်ထားသည့် တန်ဖိုးကြီးနာရီတစ်လုံးဟာကပ်လျက်.....အောက်ခြေတွင် ကျွန်းသစ်ဖြင့်လုပ်ထားသည့် ဘီရိုပုလေးတစ်လုံးဟာနေရာယူထားသည်..ထိုဘီရိုပေါ်၌ကျူးလစ်ပန်းလေးများအရောင်စုံစွာထိုးထားသည့်ကြွေပန်းအိုးလေးတစ်လုံးဟာပနံသင့်စွာတည်ရှိနေသည်။

"အော် ဆရာ လာထိုင်လာ!"

ရပ်ကာတအံ့တဩဖြင့်ကြောင်ကြည့်နေသည့်သူ့အား လက်ကိုဇက်ခနဲဆွဲကာ အခန်းတံခါးအားခြေထောက်ဖြင့်ကန်ပိတ်လိုက်ရင်းအနက်ရောင် sofaကြီးအနားသို့ ဆွဲခေါ်သွားခဲ့သည့် Gemini...

"ဒီမှာခဏထိုင်အုန်းနော်ဆရာ ကျတော်အအေးသွားယူခဲ့ပေးမယ်!"

အနောက်ဘက်သို့လျှောက်လှမ်းသွားခဲ့သည့် Gemini ကြောင့် လှည့်ကြည့်လိုက်မိသည်...ခပ်လှမ်းလှမ်းတစ်နေရာတွင် ရေခဲသေတ္တာကိုဖွင့်ကာ သစ်သီးအချို့နှင့်အအေးအချို့ကိုထုတ်ယူနေသည်ကြောင့် ကိုယ်မျက်စိပင်ကိုယ်မယုံနိုင်...

*နေစမ်းပါအုန်း ဒါကအိပ်ခန်းလား...ကွန်ဒိုလား?*

သစ်သီးပန်းကန်နှင့်အအေးဘူးလေးကိုင်ကာ သူ့ဆီသို့ပြန်လှည်လျှောက်လှမ်းလာသည့် Gemini အား...

"Gemini ငါစာဘယ်မှာသင်ရမလဲ"

"သင်တော့မို့လား ကျတော်ဧည့်ခံတာလေးစားပါအုန်း ဆရာကလည်း!"

"မစားတော့ဘူး ငါစာသင်ပြီးရင်အလုပ်ရှိသေးတယ် ပြန်ရမယ်"

"ဟမ်.ဟုတ်လား"

‌ယူလာသည့်အရာများအား ဖန်သားပြင်ဖြင့်ပြုလုပ်ထားသည့်စား‌ပွဲပေါ်သို့တင်ရင်း သူ့ဘေးသို့ဝင်ထိုင်လာခဲ့သည်..

Testimon with tulips 🌷Where stories live. Discover now