15🌷

587 61 23
                                    

♪2 week later...♪

ကျူးလစ်ပန်းစည်းလေးကိုင်ကာ အပြင်သို့ထွက်ရန်ပြင်နေသည့်သူ့အား မမကလှမ်းခေါ်၏...

"အမလေး အမလေး Nattawat လာစမ်းပါအုန်းအေ ဒီကို"

လက်ယက်ကာခေါ်နေသည့်မမနားအား ဝင်ထိုင်လိုက်သည်.....အမြဲလိုလို ပေါ့ပါ့ပါးပါးနေတတ်သည့်သူဟာ style pantsနှင့် အင်္ကျီလက်ရှည်အဖြူဝတ်ထားသည်ကို မမကအများကြီးအံ့ဩနေသည့်ပုံ...

"ထူးဆန်းတယ်‌ မောင်လေး နင်ဘာဆေးမှားသောက်ထားသေးလဲ?"

တအံ့တဩဖြင့်မေးလာသည့်မမအား ရီပြလိုက်သည်...

"ဘာရယ်မဟုတ်ပါဘူး Gemini ကဆေးရုံဆင်းတော့မယ်ဆိုတော့ လူလိုသူလိုလေးသွားကြိုချင်ယုံပါမမရယ်"

"အမလေး ငါ့မောင်လေးတောင် ငါ့မျက်စိအောက်ကနေကြီးလာလိုက်တာ အရွယ်တောင်ရောက်နေပြီ"

မမဟာ သူ့ခေါင်းကိုပုတ်ရင်းဆိုလာသည်...ဝမ်းနည်းစပြုနေသည့်မမအလှလေးအားပွေ့ဖက်လိုက်ရင်းနှစ်သိမ့်ပေးလိုက်သည်...

"မငိုပါနဲ့ မမရဲ့ ပါတီသွားမဲ့မိတ်ကပ်တွေပျက်ကုန်ပါအုန်းမယ်"

ရီသံစွက်ရင်းပြောလိုက်တော့ မမဟာ မျက်ရည်များကိုသုတ်ကာ သူ့ကိုရီကျဲကျဲဖြင့်ပြောလာ၏...

"ငါ့မိတ်ကပ်က ရေစိုခံ"

ဟာသလုပ်နေနိုင်သေးသည့် မမအား နှုတ်ဆက်ကာ ချထားသည့်ပန်းစည်းအားပြန်လည်ကောက်ကိုင်ရင်း ကောင်ငယ်လေးရှိသည့် ဆေးရုံဆီသို့ ထွက်လာခဲ့သည်....

............................................
"ကိုကို့ ကျတော့်ကိုအဲ့ဆန်ပြုတ်ကြီးမတိုက်နဲ့ဗျာ!!!"

"ညီလေး ဒါသောက်ရမယ်လေ နော် လိမ္မာပါတယ်"

အခန်းဝမှရပ်နေရင်းပြုံးလိုက်မိသည်....

အကြောင်းစုံကိုသိရပြီးတဲ့နောက်မှာ Gemini ဟာ သူ့အကိုကို အရင်ကလိုပြန်ကပ်တွယ်လာခဲ့သည်...အဲ့လိုကပ်လို့ သူ့ကိုအလွတ်ပေးလားဆိုတော့လည်းမပေးပြန်...

အခုနောက်ပိုင်း Gemini ဟာကလေးလေးသဖွယ်ဖြစ်လာ၏...တစ်ခုခုအလိုမကျလျှင် ကောက်တတ်သည်..

Testimon with tulips 🌷Where stories live. Discover now