ရာဇဝင်ထဲက အချစ် ..
ဗညား ဆေးကျိုပြီး၍ ပြန်ရောက်လာသောအခါ မင်းသားက စားပွဲခုံပေါ်တွင် ခေါင်းမှောက်၍ အိပ်ပျော်နေသည် ။ ထို့ကြောင့် ဗညား မင်းသားအနားတွင် ရပ်လိုက်ပြီး
" အိမ်ရှေ့စံမင်းသား "
" မင်းသား "
" မင်းသား ... ခဏထတော်မူပါအုံး "
ဟု နှိုးလိုက်သည် ။ ထိုအခါမွ မင်းသားက အိပ်မှုံစုံမွှားဖြင့် နိုးလာပြီး
" မင်းလာပြီလား "
ဟု မေးသည် ။ မင်းသား၏မေးခွန်းကို ဗညား ခေါင်းညိတ်ပြလိုက်ပြီး
" ဆေးရပါပြီ မင်းသား .... ကျွန်တော်မျိုးလိမ်းပေးပါ့မယ် "
ဟု ပြောလိုက်သည် ။ မင်းသားက ဗညားကို
" အင်း "
ဟု ပြန်ပြောကာ အပေါ်ဝတ်ကို ချွတ်ပေးသည် ။ ထို့နောက် စားပွဲခုံပေါ်တွင် ခေါင်းပြန်မှောက်သွားသည် ။
ဗညား ဆေးလိမ်းပေးပြီးသောအခါ မင်းသားက နောက်ထပ်တစ်ကြိမ် ပြန်အိပ်ပျော်သွားပြီဖြစ်သည် ။
" မင်းသားက ဒီလိုပဲ အိပ်ပြီးရင်မထချင်တော့ဘူးလား "
ဗညား စိတ်ထဲမှတွေး၍ မင်းသားကို အပေါ်ဝတ် အသာပြန်ဝတ်ပေးလိုက်သည် ။ ထို့နောက် ကုတင်ပေါ်မှစောင်ကိုယူ၍ မင်းသားကို လွှမ်းခြုံပေးလိုက်သည် ။
" ကောင်းကောင်းအနားယူပါ အိမ်ရှေ့စံမင်းသား "
ဗညား စိတ်ထဲမှပြော၍ အခန်းထဲမှ အသာပြန်ထွက်လာခဲ့လိုက်သည် ။ ဗညားထွက်သွားသည်နှင့် မှိတ်ထားသော အိမ်ရှေ့စံမင်းသား၏ မ်က္လုံးမ်ားက ဖြတ်ကနဲပြန်ပွင့်လာသည်ကိုမူ ဗညား မသိလိုက် ။
" ခွန်မောင် လာ ... မင်းမြည်းကြည့် "
ဒီပါ ဟင်းထဲတွင်ထည့်ရမည့် နောက်ဆုံးအမည်ဖြစ်သော ဟင်းခတ်အမွှေးအကြိုင်အရွက်ကို ထည့်လိုက်ပြီး ခွန်မောင့်ကို လှမ်းပြောလိုက်ခြင်းဖြစ်သည် ။ ခွန်မောင် အနားရောက်မလာသေးခင်မှာပင်
YOU ARE READING
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
General Fictionကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့