7

310 25 0
                                    

ရာဇဝင်ထဲက အချစ် ..

သတိမေ့နေရာမှ ပြန်နိုးလာသည့်နေ့ကတည်းက ဒီပါ စိတ်ထဲတွင်နေ၍မကောင်း ။ ခေါင်းက နေ့တိုင်းလိုလိုကိုက်နေပြီး တစ်ချက်တစ်ချက် တကယ်မရှိသည့်မြွေများကို မြင်ယောင်သည် ။ အိပ်ရာဝင်၍ အိပ်ပျော်သွားလျှင်လည်း  မကြာခင်မှာပင် ဒီပါရှိရာဆီသို့ တိုးလာကြသော မြွေများကို အိပ်မက်မက်ပြီး ပြန်ပြန်နိုးလာသည် ။ တစ်ခါတစ်ရံ မြွေတွန်သံများကိုပါ ကြားယောင်သေးသည် ။ ထို့ကြောင့် ညဘက်ပင် မအိပ်ရဲဖြစ်ကာ အူကြောင်ကြောင်ဖြစ်နေသည် ။ စိတ်ငြိမ်စေရန်အတွက် မည်သူနှင့်မျှမတွေ့ပဲ ပန်းချီဆွဲရန် စိတ်ကူးသော်လည်း ဖျင်စပေါ်တွင် ဆေးရောင်ဖြင့် လျှောက်ရေးနေခြင်းကိုသာ လုပ်နေမိသည် ။ ဒီပါ အနီရောင်ရင့်ရင့်ကို ဖျင်စပေါ်တွင် စုတ်တံဖြင့် လျှောက်ခြစ်နေစဉ် အိပ်ဆောင်အပြင်ဘက်မှ လမ်းလျှောက်လာသော ခြေသံကို ကြားရသည် ။ ထို့ကြောင့် ဒီပါ လှည့်မကြည့်ပဲ

" ဘယ်သူလာတွေ့ပြန်ပြီလဲ ... ဘယ်သူလာလာမတွေ့ဘူးလို့ပြောလိုက် "

ဟု ပြောလိုက်သည် ။ သို့သော် ခြေသံက ရပ်မသွားပဲ အိပ်ဆောင်ထဲအထိ ရောက်လာသဖြင့် ဒီပါ လှည့်ကြည့်လိုက်သည် ။

🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿

" ကျော်စွာ "

မိမိအနောက်တွင် ပြုံး၍ မတ်တပ်ရပ်နေသော ကျော်စွာ့ကို တွေ့လိုက်ရသောကြောင့် ဒီပါ အံ့သြသွားရသည် ။ ကျော်စွာ က ဒီပါ့ကိုပြုံးပြပြီး

" ဘယ်လိုလဲ .... နေမကောင်းဘူးလို့ သတင်းကြားလို့ အပြေးပြန်လာတာ "

ဟု ပြောသည် ။ ကျော်စွာ့စကားကြောင့် ဒီပါ ပြုံးလိုက်ပြီး

" မင်းရော ... နယ်စပ်မှာဘယ်လိုလဲ "

ဟု ပြန်မေးလိုက်သည် ။ ထိုအခါ ကျော်စွာက

" ငါသိခဲ့ရသလောက်ကတော့ အကုန်အဆင်ပြေနေပါတယ် "

ဟု ပြန်ဖြေသည် ။ ကျော်စွာ့စကားအဆုံးတွင် ဒီပါ ဗညားကို

" ဗညား ... ငါကျော်စွာနဲ့စကားခဏလောက်ပြောမလို့ တခြားလူတွေဝင်မလာအောင်ကြည့်ထားပေး "

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Donde viven las historias. Descúbrelo ahora