9

287 24 0
                                    

ရာဇဝင်ထဲက အချစ် ..

သမားတော်ကိုပြန်ပို့ပေးပြီးသောအခါ မင်းသားက ဗညားအရှေ့တွင်ထိုင်ကာ ဆေးပုလင်းထဲမှ ဆေးရည်များကို လက်ဖဝါးထဲသို့လောင်းထည့်သည် ။ ထို့နောက် ဗညား၏မျက်နှာကို ခပ်ဖွဖွဆွဲမော့ကာ ဆေးလိမ်းပေးရန်ပြင်သည် ။ သို့သော် ဗညား လက်မခံပဲ အတင်းရုန်း၍ ခေါင်းကိုပြန်ငုံ့လိုက်သည် ။ မင်းသားက ဗညားကို ဘာစကားမှမပြောပဲ သက်ပြင်းငွေ့ငွေ့ချသည် ။ မင်းသား၏ သက်ပြင်းချသံကြောင့် ဗညား မင်းသားကို မဝံ့မရဲ ပြန်မော့ကြည့်လိုက်သည် ။ ထိုအခါ မင်းသားက ဗညားကိုပြုံးပြ၍

" လာ "

ဟု ပြောသည် ။ မင်းသား၏စကားကို ဗညား ပြန်မတုံ့ပြန်ရသေးခင်မှာပင် နွေးထွေးနူးညံ့သော မင်းသား၏လက်က ဗညားမျက်နှာပေါ်သို့ ရောက်လာသည် ။ မင်းသားက ဗညား၏ဒဏ်ရါများကို ကြင်နာစွာဆေးထည့်ပေးရင်း ပါးစပ်မှ

" ဒဏ်ရါတွေပျောက်ဖို့က တစ်ပတ်လောက်ကြာမယ်ဆိုတော့ ဒီတစ်ပတ် ငါ့ဆီအခစားမဝင်ပဲနားနေလိုက် ... ပျောက်သွားမှလာ ... ငါသမားတော်နေ့တိုင်းလွှတ်ပေးမယ် "

ဟု ပြောသည် ။ မင်းသား၏စကားကို ဗညား မငြင်းဆန်ပဲ ခေါင်းညိတ်ပြလိုက်သည် ။ ဗညားထံမှ တုံ့ပြန်မှုရသောအခါ မင်းသားက ကျေနပ်သွားဟန်ဖြင့် ပြုံးကာ ဗညား၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးပြီး

" အင်း ... လိမ္မာတယ် "

ဟု ပြောသည် ။

🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿

မင်းသားထံမှ အစေခံတန်းလျားသို့ ပြန်လာသော လမ်းတစ်လျှောက်လုံး ဗညား ပျော်နေမိသည် ။ မင်းသားပေးလိုက်သော ဆေးထုတ်ကိုကြည့်၍ ပြုံးနေမိသည် ။ ထိုစဉ် မျှားတစ်စင်းက ဗညားအနားမှ ဝှစ်ကနဲဖြတ်သွားသည် ။ ဗညား ထိုမျှားကိုကြည့်ပြီး လန့်သွားမိသည် ။ စင်္ကြံလမ်းတွင်ရပ်ကာ မျှားလာသည့်နေရာကို လေ့လာနေစဉ် တစ်ကိုယ်လုံး အနက်ရောင်ဝတ်ထားသည့် လူတစ်ယောက်က ဗညားအနောက်တွင် ပေါ်လာသည် ။ ထိုလူက ဗညားကိုမြင်သည်နှင့် လက်ထဲတွင်ကိုင်ထားသောဓားဖြင့် အဆက်မပြတ် စတင်တိုက်ခိုက်သည် ။ ဗညား ထိုလူ၏ဓားချက်များကို အသဲအသန်ရှောင်တိမ်းရင်း ထိုလူမည်သူဖြစ်နိုင်ကြောင်းကို တွေးနေမိသည် ။ ဤနန်းတော်အတွင်း၌ ဗညား၏ ပုံစံအမှန်ကို အရှင်မမှလွဲ၍ အခြားသိသူမရှိ ။ ယခု ဓားကိုင်တိုက်ခိုက်နေသူ၏ တိုက်ကွက်များကို ဗညား ရင်းနှီးနေသည် ။ ထို့ကြောင့် ထိုလူသည် အရှင်မလွှတ်လိုက်သောလူဖြစ်ရမည်ဟု ဗညား ကောက်ချက်ချလိုက်သည် ။ တစ်ဆက်ထဲမှာပင် မိမိကိုတိုက်ခိုက်နေသောလူ၏ မျက်နှာမှ မျက်နှာဖုံးကိုခွါပစ်ရန် စိတ်ကူး၍ ထိုလူ့မျက်နှာဖုံးကိုခွါပစ်ရန် အားထုတ်လိုက်သည် ။ ထိုလူကလည်း ဗညား၏အကြံကို သိဟန်ဖြင့် အသဲအသန်ရှောင်တိမ်းသည် ။ နောက်ဆုံး ရှောင်တိမ်း၍မရတော့သောကြောင့် ဗညားကို မတိုက်ခိုက်တော့ပဲ နေရာမှထွက်ပြေးသွားသည် ။

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Onde histórias criam vida. Descubra agora