17

291 21 0
                                    

ရာဇဝင်ထဲက အချစ် ..

ဒီပါ အကျဉ်းခန်းရှေ့သို့ရောက်သောအခါ ဒီပါ့ထက်အရင်ရောက်နှင့်နေပြီဖြစ်သော ရဲမက်များက ရန်သူရဲမက်များကို စတင်တိုက်ခိုက်နေပြီဖြစ်သည် ။ အကျဉ်းတိုက်ကို လာရောက်ဖောက်ထွင်းသော ရန်သူရဲမက်က နည်းသောကြောင့် သိပ်မကြာခင်အချိန်အတွင်းမှာပင် ဒီပါတို့ဘက်က အနိုင်ရသွားသည် ။ ထို့ကြောင့် ဒီပါ ခွန်မောင့်ကို

" ခွန်မောင် .... မင်းဒီနေရာမှာ အစ်ကိုတော့်ကိုစောင့်ထား .... အစ်မတော်နဲ့မယ်တော်ကြီးရှိတဲ့မြေတိုက်ခန်းကို အစောင့်ရဲမက်တွေထပ်တိုးလိုက် ... ခမည်းတော် နဲ့ မယ်တော်ကို ငါပြောထားတဲ့နေရာကိုခေါ်သွားတော့ ... ငါစစ်ပွဲနေရာကို လိုက်သွားလိုက်အုံးမယ် "

ဟု ပြောလိုက်သည် ။ ဒီပါ့စကားအဆုံးတွင် ခွန်မောင်က

" အမိန့်တော်အတိုင်းပါ အရှင့်သား "

ဟု ပြောသည် ။ ဒီပါ ခွန်မောင့်ကို

" အင်း "

ဟု ပြန်ဖြေကာ နေရာမှထွက်လာခဲ့လိုက်သည် ။

🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶 🔶

" ငါပြောထားတဲ့အတိုင်း စစ်သည်တွေကိုနေရာချထားပြီးပြီလား "

ဒီပါ စစ်ဆေးစရာရှိသည်များကိုလိုက်စစ်ဆေးရင် စစ်သူကြီးကို မေးလိုက်သည် ။ စစ်သူကြီးက ဒီပါ့ကို ခေါင်းညိတ်ပြပြီး

" အကုန်အဆင်သင့်ပါပဲ အရှင့်သား "

ဟု ပြန်ဖြေသည် ။ စစ်သူကြီး၏စကားအဆုံးတွင် ဒီပါ

" အင်း ... သူတို့ဘက်ကစတိုက်တာနဲ့ ပြန်တိုက်မယ် ... ဒါနဲ့ နန်းတွင်းထဲကိုရောက်တဲ့ လျှို့ဝှက်အပေါက်ကို တာဝန်ယူပိတ်နေတဲ့ရဲမက်ဘယ်မှာလဲ "

ဟု မေးလိုက်သည် ။ ဒီပါ့မေးခွန်းကို စစ်သူကြီးက

" နေရာမှာပဲ မင်းသား "

ဟု ပြန်ဖြေသည် ။ ထို့ကြောင့် ဒီပါ

" သူ့ကိုဖမ်းပြီး အကျဉ်းတိုက်ထဲထည့်ထားလိုက် ... ဒါပေမဲ့ သူ့ကိုဖမ်းထားတာ အစ်ကိုတော်မသိစေနဲ့ ... ပါးစပ်ကိုပိတ်ထားလိုက် ... သူ့အစား တခြားလူတစ်ယောက်ကို အစားထိုးပြီးတာဝန်ယူခိုင်းလိုက် "

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Where stories live. Discover now