ရာဇဝင်ထဲက အချစ် ..
" မင်းသား ... သတိထားတော်မူပါအုံး "
" မင်းသား "
ဗညား မင်းသားကိုပွေ့ထားရင်း ပါးစပ်မှ တတွတ်တွတ်ရွတ်နေမိသည် ။ ဗညားပွေ့ထားစဉ်မှာပင် မင်းသားပါးစပ်ထဲမှ သွေးများအန်ထွက်လာပြန်သည် ။ ထိုစဉ် အပြင်ဘက်မှ တဲအတွင်းသို့ပြေးလာသည့် ခြေသံများကိုကြားရသည် ။ ထို့ကြောင့် ဗညား မင်းသား၏ဓားကိုကောက်ယူကာ ခုခံရန်ပြင်လိုက်သည် ။ ကံကောင်းထောက်မစွာဖြင့် ရန်သူများမဟုတ်ပဲ ရဲမက်များဖြစ်နေသဖြင့် ဗညား
" မင်းသားဘာဖြစ်တာလဲမသိဘူး ... ထိခိုက်ဒဏ်ရါကြီးကြီးမားမားရသွားတယ်ထင်တယ် ... သမားတော်ခေါ်ပေးကြပါ "
ဟု ပြော၍ လဲနေသောမင်းသား၏ ချပ်ဝတ်တန်ဆာများကို ဆွဲဖယ်လိုက်သည် ။ ရဲမက်များကလဲ သွေးအလိမ်းလိမ်းဖြစ်နေသော မင်းသားကိုမြင်ကာ စိတ်ပူသွားပြီး ဗညားအနားသို့ ဝိုင်းအုံလာကြသည် ။
" မင်းသား အားတင်းထားတော်မူပါ ... ကျွန်တော်မျိုးလုပ်ခဲ့တဲ့အပြစ်တွေအတွက် မင်းသားကို တောင်းပန်ရအုံးမှာမို့လို့ပါ "
☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️☘️
သမားတော်က မင်းသားရထားသော ဒဏ်ရါများကို သုတ်သင်ရှင်းလင်းစေပြီး ဆေးထည့်ပေးသည်။ ထို့နောက် သွေးခုန်နှုန်းစမ်းကြည့်သည် ။ သွေးခုန်နှုန်းစမ်းရင်း သမားတော်၏မျက်နှာက မသိမသာပျက်ယွင်းသွားသဖြင့် ဗညား သမားတော်ကို
" သမားတော်ကြီး ... မင်းသားအဆင်ပြေရဲ့လား ... ဘာများဖြစ်လို့လဲ "
ဟု မေးလိုက်သည် ။ ထိုအခါမှ သမားတော်က
" မင်းသားရဲ့သွေးခုန်နှုန်းက အရမ်းရှုပ်ထွေးနေတယ် ... ခန္ဓာကိုယ်အတွင်းပိုင်းကိုထိထားတဲ့ ဒဏ်ရါမတွေ့ရပေမဲ့ သွေးတွေအန်တယ်ဆိုတော့ ကြည့်ရတာအဆိပ်မိတာပဲ ... ရန်သူတွေလဲ တပ်ဆုတ်သွားပြီဆိုတော့ တတ်နိုင်သလောက်မြန်မြန် နေပြည်တော်ပြန်ကြမယ် .... ဟိုမှာမှ အဆိပ်ဖြေဆေးကို သမားတော်တွေနဲ့ပေါင်းပြီးထုတ်နိုင်မယ် "
ဟု ပြောသည် ။ အခြားသူများက
" မင်းသားသတိရလာမှပြန်လို့မဖြစ်ဘူးလား ဆရာကြီး ... မေ့မြောနေတဲ့အခြေအနေနဲ့ပြန်ခေါ်သွားရင် အန္တရာယ်မရှိနိုင်ဘူးလား "
VOCÊ ESTÁ LENDO
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
Ficção Geralကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့