2

812 59 0
                                    

ရာဇဝင်ထဲက အချစ် ..

ဝှစ် ဟူသောအသံနှင့်အတူ လက်မောင်းဆီမှ ဆစ်ကနဲဖြစ်သွားသော ခံစားချက်ကြောင့် ဒီပါ မြင်းကိုရပ်လိုက်ပြီး အနောက်သို့လှည့်ကြည့်လိုက်သည် ။ ထိုအခါ ဒီပါ့ ကို ခပ်ထေ့ထေ့ပြုံးပြနေသော ကျော်ဇေယျကို တွေ့ရသည် ။ ကျော်ဇေယျ က လှည့်ကြည့်သော ဒီပါ့ကို ဓားထောင်ပြသည် ။ ထို့ကြောင့် ဒီပါ ခေါင်းခါပြီး မြင်းပေါ်မှခုန်ဆင်းကာ ဓားကိုဆွဲထုတ်လိုက်သည် ။ ဒီပါ ကျော်ဇေယျကို ဘာမှမလုပ်ရသေးခင်မှာပင် စစ်သည်ရဲမက်များရောက်လာသည် ။ ဒီပါ့လက်မောင်းတွင် သွေးထွက်နေသည်ကို မြင်ကြသော်လည်း ဒီပါ့ကို ဂရုပင်မစိုက်ပဲ ကျော်ဇေယျထံသို့သာ ပြေးသွားကြပြီး

" မင်းသား ဘာဖြစ်သွားသေးလဲ "

" မင်းသား ထိခိုက်မိသွားသေးလား "

ဟု ဝိုင်းမေးနေကြသည် ။ ထို့ကြောင့် ဒီပါ မြင်းပေါ်ပြန်တက်လိုက်ပြီး နေရာမှ ထွက်လာခဲ့လိုက်သည် ။

🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿

" အခု ကိုယ့်အပြစ်ကိုကိုယ်သိပြီလား "

အနောက်တိုင်းမင်းသား ကျော်ဇေယျနှင့်ရန်ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကြိမ်ဒဏ်အပေးခံရသော်လည်း ဒီပါမဖြုံ ။ ထိုင်နေသော ခမည်းတော်တစ်ဖြစ်လဲ မင်းကြီးကိုကြည့်ကာ

" သူကအရင်ရန်စလာလို့ ပြန်တုံ့ပြန်တာ သားတော်အမှားပါလား မင်းကြီး "

ဟု ခွန်းတုံ့ပြန်နေသည် ။ မင်းကြီး က

" တိတ်စမ်း ... ဘုရင်ဖြစ်မဲ့သူက ဒီလိုလက်လွတ်ခြေလွတ် စိတ်ရှိတိုင်းရန်မဖြစ်ရဘူးဆိုတာ မှတ်မထားဘူးလား ... ကြိမ်ဒဏ်တစ်ရာထပ်တိုး "

ဟု အမိန့်ချသည် ။ ကြိမ်ဒဏ်စုစုပေါင်း နှစ်ရာခံနေရသော်လည်း ဒီပါ မျက်ရည်မကျ ။ မယ်တော် က တင်းခံနေသော ဒီပါ့ကိုကြည့်ကာ မင်းကြီးအား

" မင်းကြီး ..... သားတော်လေးက ငယ်သေးလို့ အမှားအမှန်မခွဲခြားတတ်သေးတာပါ ... ခွင့်လွှတ်ပေးတော်မူပါ "

ဟု တောင်းပန်စကားဆိုသည် ။ မယ်တော်က တောင်းပန်နေသော်လည်း ဒီပါက မျက်နှာကြောမလျှော့သောကြောင့်ထင်သည် မင်းကြီးက

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Donde viven las historias. Descúbrelo ahora