ရာဇဝင်ထဲက အချစ် ..
လက်ဆက်ရမည့်ကိစ္စနှင့် ပတ်သတ်၍ စိတ်ညစ်ကာ ရေကန်စပ်တွင် စကားမပြော မလှုပ်မယှက်ထိုင်နေသော မင်းသားကိုပျော်အောင် မည်ကဲ့သို့လုပ်ပေးရမည်နည်းဟု ဗညား တွေးနေမိသည် ။ အချိန်အတော်ကြာသောအခါမှ မင်းသားအား ဟာသပြောပြရန် စိတ်ကူးမိပြီး
" မင်းသား ... ကျွန်တော်မျိုးတစ်ခုလောက်ပြောပြရမလား "
ဟု ပြောလိုက်သည် ။ မင်းသားက ပြော ဟူသော သဘောဖြင့် ခေါင်းညိတ်ပြသောအခါ ဗညား အားတက်သွားပြီး
" ဟိုးရှေးရှေးတုန်းက တောလမ်း ခရီးတခုမှာ လူငယ်တဦးနဲ့ အဖိုးအိုတဦး တွေ့ကြတယ်တဲ့ .... အဲ့ဒီလိုတွေ့ကြတော့ လူငယ်က အဖိုးအိုကို
" အဘ ဘယ်သွားမလို့လဲ "
လို့ မေးတယ် ။ လူငယ်ရဲ့ မေးခွန်းကို အဖိုးအိုက
" ဟိုဘက်ရွာ "
လို့ ပြန်ဖြေတယ် ။ အဖိုးအိုရဲ့စကားကိုကြားတော့ လူငယ်က
" ဒါဆို အတူတူသွားကြတာပေါ့ "
လို့ ပြောတယ် ။ အဲ့ဒါကြောင့် အဖိုးအိုက
" အေး "
လို့ ပြန်ဖြေတယ် ။ သွားရင်းနဲ့လမ်းမှာ လူငယ်က အဖိုးအိုကို
" ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ "
လို့ မေးတယ် ။ အဖိုးအိုက
" အငြိမ့်ပွဲ ကမယ်ပြောလို့ သွားကြည့်တာ "
လို့ ပြန်ဖြေတော့
" ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး "
လို့ ပြောတယ် ။ ဒါပေမဲ့ အဖိုးအိုက ဘာမှပြန်မပြောဘူး ။ ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့
သောက်တယ်။ ဒီတစ်ခါမှာလဲ လူငယ်က" ဘာတွေလဲ အဘ "
လို့ မေးတယ် ။ အဖိုးအိုက
" အရက် "
လို့ ပြန်ဖြေတယ် ။ လူငယ်ကလဲ ထုံးစံအတိုင်း
" ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး "
လို့ ပြောတယ် ။ ဒီတစ်ခါလဲ အဖိုးအိုက ဘာမှပြန်မပြောဘူး ။ ခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက်
နားကြတယ် ။ လူငယ်က အပင်ပေါ်မော့ကြည့်ပြီး
YOU ARE READING
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
General Fictionကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့