ရာဇဝင်ထဲက အချစ် ..
ဗညား စွတ်ပြုတ်ပြုတ်ပြီး၍ အခန်းထဲပြန်ဝင်လာသောအခါ မင်းသားအပြင် အခြားအမျိုးသားတစ်ဦးပါ ရောက်နေသည် ။ ဗညား
" မင်းသား ... စွတ်ပြုတ်ရပါပြီ "
ဟု မင်းသားကို လှမ်းပြောလိုက်ခြင်းဖြစ်သော်လည်း ထိုပမျိုးသားက ဗညားလက်ထဲမှ စွတ်ပြုတ်ပန်းကန်ကို လှမ်းယူပြီး
" ကောင်းပြီ .... ငါတိုက်လိုက်မယ် .... မင်းသွားတော့ "
ဟူ၍ ပြောသည် ။ ထို့ကြောင့် ဗညား မင်းသားကို မသိမသာလှမ်းကြည့်လိုက်သည် ။ ထိုအခါ မင်းသားက ပြုံးပြပြီး
" ကျေးဇူးပဲ ... သေချာသောက်လိုက်မယ် ... စိတ်ချ "
ဟု ပြောသည် ။ ထို့ကြောင့် ဗညား အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည် ။
🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿
" ငါပြောမလို့ ... အဲ့ဒီကောင်လေးကိုကြည့်ရတာတစ်မျိုးပဲ "
ကျော်စွာ က ဗညားလုပ်လာသောစွတ်ပြုတ်ကိုသောက်နေသော ဒီပါ့ကို စကားစလာခြင်းဖြစ်သည် ။ ထို့ကြောင့် ဒီပါ
" ဘာဖြစ်လို့လဲ "
ဟု မေးလိုက်သည် ။ ထိုအခါ ကျော်စွာ က
" သူ့ပုံစံက ကျွန်ဖြစ်နေပေမဲ့ ကျွန်နဲ့မတူဘူး "
ဟု ပြောသည် ။ ကျော်စွာ့စကားအဆုံးတွင် ဒီပါ ခပ်သဲ့သဲ့ရယ်လိုက်ပြီး
" မင်းလဲထင်တယ်လား "
ဟု ပြန်မေးလိုက်သည် ။ ဒီပါ့မေးခွန်းကို ကျော်စွာ က ခေါင်းညိတ်၍ တုံ့ပြန်သည် ။ ထို့ကြောင့် ဒီပါ ဗညား ကို
" ငါ့ကိုတစ်ခုလောက်ကူညီနိုင်မလား ... သူ့အကြောင်း မင်းသိသလောက် ငါ့ကိုစုံစမ်းပေးပါလား "
ဟု ပြောလိုက်သည် ။
🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿
" မင်းသား .... ရေနွေးကြမ်းပါ "
ဒီပါ နန်းတွင်းထဲသို့ရောက်လာသော အကြောင်းကြားစာများကို ဖတ်နေစဉ် ဗညားကရောက်လာပြီးပြောသဖြင့် ဗညားကို ခေါင်းညိတ်ပြလိုက်ပြီး
YOU ARE READING
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
General Fictionကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့