ရာဇဝင်ထဲက အချစ် ..
ခွန်မောင့်စကားဆုံးသည်နှင့် ဗညား သိုးကလေးကိုစီးကာ မင်းသားပျောက်သွားသည်ဟုဆိုသော တောအုပ်အတွင်းသို့ မြင်းစီးစစ်သည်တော်နှင့်အတူ ထွက်လာခဲ့လိုက်သည် ။ တဖြည်းဖြည်းနှင့် မြင်းစီးစစ်သည်တော်ပြောသည့် ထန်းတောအနားသို့ ရောက်လာခဲ့သည် ။ ဗညား ထန်းတောအနီးသို့ရောက်သည်နှင့် သိုးကလေးက နှင်စရာပင်မလိုပဲ တစ်ချက်ဟီကာ ထန်းတောနှင့် ဆန့်ကျင်ဘက်ဆီသို့ပြေးသည် ။ ထို့ကြောင့် ဗညား သိုးကလေးခေါ်ဆောင်ရာအနောက်သို့ အသာလိုက်လာခဲ့လိုက်သည် ။ ထိုသို့လိုက်လာရင်း တောနက်တွင်းသို့ တဖြည်းဖြည်းရောက်လာသည် ။ ပို၍နက်သောနေရာသို့ မရောက်ခင် သိုးကလေးက တုံ့ကနဲရပ်လိုက်သည် ။ သိုးကလေးက ရပ်လိုက်သောကြောင့် ဗညားလဲ မြင်းပေါ်မှဆင်းကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည် ။ ထိုအခါ ညောင်ပင်ကြီးတစ်ပင်၏ ခြေရင်းတွင် မလှုပ်မယှက် မတ်တပ်ရပ်နေသော မင်းသားကိုတွေ့ရသည် ။ ထို့ကြောင့် ဗညား မင်းသားထံပြေးသွားလိုက်ပြီး
" မင်းသား "
ဟု ခေါ်လိုက်သည် ။ သို့သော် မင်းသားက တုတ်တုတ်မျှမလှုပ် ။ မြေပြင်ကိုသာ စိုက်ကြည့်နေသည် ။ ဗညား မင်းသားကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်သောအခါ အပိုင်းပိုင်းပြတ်နေသော မြွေတစ်ကောင်ကိုသာ တွေ့ရသည် ။ ဗညားမြွေကိုမြင်သည်နှင့် မင်းသား၏မျက်စိများကို လက်ဖြင့်ကွယ်လိုက်ကာ
" သတိထားတော်မူပါအုံး မင်းသား "
ဟု ပြောလိုက်သည် ။ ဗညား၏စကားအဆုံးတွင် မင်းသားက ဗညားလက်ထဲသို့ ယိုင်လဲကျလာသည် ။
🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿 🌿🌿
" မင်းသားအခြေအနေက စိုးတော့မစိုးရိမ်ရတော့ပါဘူး .... ပခုံးရိုးက အက်ရုံပဲအက်သွားတာပါ ... ဒါပေမဲ့ မြွေကိစ္စကြောင့် အရင်ကလို အကြာကြီး သတိပြန်မရလာမှာစိုးရတယ် "
သမားတော်၏စကားအဆုံးတွင် မိဖုရားကြီးက ငိုကာ မင်းကြီးအား
" မငိးကြီး .... ကျွန်တော်မျိုးမတို့သားတော်လေး တကယ်ပဲတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ "
ESTÁS LEYENDO
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
Ficción Generalကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့