ရာဇဝင်ထဲက အချစ် ..
" ဘုန်းဘုန်းက ဘယ်အချိန်ကတည်းက နေမကောင်းဖြစ်နေတာလဲ "
ဒီပါ ဆေးကျိုရင်း ကပ္ပိယဖြစ်ဟန်တူသော ကောင်လေးတစ်ယောက်နှင့် စကားစမြည်ပြောနေလိုက်သည် ။ ဒီပါ့မေးခွန်းကို ကောင်လေးက
" အရင်ကတည်းက ဒီလိုခဏခဏဖြစ်တတ်တယ် ... ဒါပေမဲ့ အရှင်ဓမ္မသာရ ရောက်လာပြီး ဆေးကုပေးတော့ ပြန်သက်သာသွားတယ် "
ဟု ပြောသည် ။ ဒီပါ ကျောင်းပေါ်တွင် ရဟန်းဟူ၍ နာမကျန်းဖြစ်နေသော ဦးပဇင်းတစ်ပါးကိုသာတွေ့ခဲ့၍ ကောင်လေးပြောသောဦးပဇင်းကိုမတွေ့ခဲ့ ။ ထို့ကြောင့်
" အရှင်ဓမ္မသာရ က အခုဘယ်မှာသီတင်းသုံးနေလဲ "
ဟု မေးလိုက်သည် ။ ဒီပါ့မေးခွန်းကို ကောင်လေးက
" ကိုရင်ကြီးလား ... ကိုရင်ကြီးက တောထဲမှာ ဆေးမြစ်သွားရှာတယ် ... နှစ်ပတ်လောက်တောင်ရှိပြီ "
ဟု ပြောသည် ။ ထို့ကြောင့် ဒီပါ
" သြော် ... အရှင်ဓမ္မသာရ ဆေးမြစ်သွားရှာတာ ခါတိုင်းထက်ပိုကြာနေလို့ ဦးပဇင်းက နေမကောင်းဖြစ်တာထင်တယ် "
ဟု ကောင်လေးကို ပြောလိုက်သည် ။ ထိုစဉ် ကျောင်းပေါ်မှ ဦးပဇင်းက ကောင်လေးကိုလှမ်းခေါ်သဖြင့် ကောင်လေးက
" ကျွန်တော် ဘုန်းဘုန်းဆီသွားလိုက်အုံးမယ် အစ်ကို "
ဟု ပြော၍ ဒီပါ့အနားမှထထွက်သွားသည် ။
🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻🌻
ဒီပါ ဆေးကျိုပြီး၍ ကျောင်းပေါ်ပြန်တက်လာသောအခါ ဦးပဇင်းနှင့်စကားပြောနေသော အခြားဦးပဇင်းတစ်ပါးကို တွေ့ရသည် ။ ထို့ကြောင့် ဒီပါ ချောင်းဟန့်လိုက်ပြီး
" ဘုန်းဘုန်း ... တပည့်တော်ဆေးကျိုလာပါပြီ "
ဟု ပြောလိုက်သည် ။ ဒီပါ့စကားအဆုံးတွင် ဦးပဇင်းက ပြုံး၍
" ဒကာလေးရောက်လာတာနဲ့အတော်ပဲ ... ဘုန်းဘုန်း ဒကာလေးကို ဘုန်းဘုန်းတပည့်နဲ့မိတ်ဆက်ပေးအုံးမယ် "
ဟု ပြောသည် ။ ဦးပဇင်း၏စကားအဆုံးတွင် ဒီပါ
" တင်ပါ့ ဘုရား "
YOU ARE READING
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
General Fictionကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့