11

282 22 2
                                    

ရာဇဝင်ထဲက အချစ် ..

" ကျွန်တော်မျိုးရောက်ပါပြီ မင်းသား "

ဗညားပြောရင်းနှင့် မင်းသားကို မသိမသာ ခိုးကြည့်လိုက်သည် ။ မင်းသားက ဗညားကိုမကြည့်ပဲ မျက်မှောင်ကြုံ့၍ တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ဖြင့် ငြိမ်သက်နေသည် ။ ထို့ကြောင့် ဗညား ချောင်းဟန့်လိုက်ပြီး

" မင်းသား "

ဟု ခေါ်လိုက်သည် ။ ယခုအခါမှ မင်းသားက ဗညားကိုမော့ကြည့်ကာ

" ထိုင် "

ဟု ပြောသည် ။ မင်းသား၏စကားအတိုင်း ဗညား မင်းသားအရှေ့တွင် ဝင်ထိုင်လိုက်သည် ။

" ဗညား ... ငါမင်းကိုယုံတယ်လို့ အရင့်အရင်ကပြောဖူးတယ်မဟုတ်လား ... အဲ့ဒါကြောင့် ငါမင်းအပေါ်စိတ်ပျက်အောင် မင်းနောက်ထပ်မလုပ်ရင်ကောင်းမယ် "

ဟု အစအဆုံးမရှိပြောလာသော မင်းသား၏စကားကြောင့် ဗညား ကြောင်သွားမိသည် ။ ထို့ကြောင့် မင်းသားကို

" အရှင့်သားဘာကိုဆိုလိုမှန်း ကျွန်တော်မျိုးနားမလည်ပါဘူး "

ဟု ပြောလိုက်သည် ။ ဗညား၏စကားအဆုံးတွင် မင်းသားက ဟက်ကနဲရယ်ကာ ငွေအပ်ကိုထုတ်သည် ။ ထို့နောက် ဗညားပို့လိုက်သော မုန့်ပန်းကန်ထဲသို့ စိုက်လိုက်သည် ။ ပါးစပ်မှလဲ

" ကြည့်ကြည့်လိုက် "

ဟု ပြောသဖြင့် ဗညား ငွေအပ်ကို ယူကြည့်လိုက်သည် ။

🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀🥀

" အရှင့်သား ... မဖြစ်နိုင်တာ "

ဗညား မဲသွားသောငွေအပ်ကိုယူကြည့်ရင်း မင်းသားကိုပြောလိုက်သည် ။ မင်းသားက နာကျင်စွာပြုံးရင်း ဗညားကို

" ငါအခု မင်းကိုနောက်ထပ်မယုံသင့်တော့ဘူးထင်တယ် "

ဟု ပြောသည် ။ ခပ်တိုးတိုးထွက်လာသော မင်းသား၏စကားလုံးတို့သည် ဗညားရင်ကို ဓားအထပ်ထပ်နှင့် ခွဲနေသကဲ့သို့ ခံစားရသည် ။ ထို့ကြောင့် ထိုင်နေရာမှ ချက်ချင်းအနေအထားပြောင်းကာ ဒူးထောက်လိုက်ပြီး

" အရှင့်သား ... ကျွန်တော်မျိုး အရှင့်သားကို ဒီလိုတကယ်မလုပ်ထားပါဘူး "

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Where stories live. Discover now