ရာဇဝင်ထဲက အချစ် ..
" ငါ့ကို ဒီအထိမင်းခေါ်လာတာလား "
ဗညား မိမိကိုငေးကြည့်ရင်း မေးခွန်းထုတ်လာသော မင်းသားကို ပြုံးပြကာ ခေါင်းညိတ်လိုက်သည် ။ မင်းသားက ဗညား၏အမူအရာကိုကြည့်ပြီး
" တစ်ယောက်ယောက်တွေ့သွားမှာ မစိုးရိမ်ဘူးလား "
ဟု ထပ်မေးသည် ။ ထို့ကြောင့် ဗညား
" အဲ့ဒီတုန်းက ကျွန်တော်မျိုး အရှင့်သားကို အရမ်းစိတ်ပူနေခဲ့တာ ... ကျွန်တော်မျိုးကြောင့် အရှင့်သား တစ်ခုခုဖြစ်သွားမှာစိုးပြီး အပြေးပြန်လာခဲ့တာ ... ကံကောင်းလို့ အစ်ကိုခွန်မောင်နဲ့တွေ့ခဲ့တာ "
ဟု ပြန်ဖြေလိုက်သည် ။ ဗညားစကားအဆုံးတွင် မင်းသားက ဗညား၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ
" ပြန်မလွှတ်ချင်တော့ဘူး ... ဒီအတိုင်းပဲ အရင်လို ငါ့အနားပြန်လာခဲ့ပေးပါလား "
ဟု ပြောသည် ။ ဗညား
" အရှင့်သား "
ဟု ခေါ်လိုက်သောအခါ မင်းသားက ခပ်ရေးရေးပြုံးကာ
" ရတဲ့အချိန်လေးမှာ တတ်နိုင်သလောက် ငါတို့ပျော်ပျော်နေရအောင် "
ဟူ၍ ပြောသည် ။
🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀🥀
ဒီပါ့အမိန့်ဖြင့် ဗညားက ဒီပါ့အနားသို့ ပြန်ရောက်လာသည် ။ အချိန်အတော်ကြာသည်အထိ ဗညားနှင့်ဒီပါတို့ အဆင်ပြေနေကြသည် ။ ကျော်စွာကလဲ တာဝန်ကျရာနေရာသို့ ပြန်သွားသောကြောင့် ဗညားနှင့်ဒီပါ့ကြားတွင် အနှောက်အယှက်မရှိခဲ့ ။ ဤသို့ဖြင့် မိုးကာလကုန်ဆုံးကာ ဆောင်းကာလသို့ ရောက်ရှိလာခဲ့သည် ။ ဆောင်းတွင်းရောက်လျှင် ညဘက်ခံစားရသော အအေးဒဏ်ကြောင့် ဒီပါက ညဘက်အိပ်မပျော် ။ ခွန်မောင်နှင့်ဗညားက အိပ်ဆောင်ထဲတွင် အအေးဓာတ်မရှိစေရန် နည်းမျိုးစုံနှင့် ကြိုးစားကြသော်လည်း မအောင်မြင် ။ ဒီပါက အရင်နှစ်များကကဲ့သို့ နေ့ဘက်မှသာအိပ်သည် ။ ထို့ကြောင့် ဆောင်းတွင်းကာလသည် ဒီပါ့အတွက် နေ့နှင့်ညမှားသောကာလဖြစ်သည် ။ ဒီပါက ညဘက်မအိပ်သောကြောင့် ဗညားလဲမအိပ်ရ ။ ဒီပါ့အခန်းသို့ ညစဉ်လာ၍ အဖော်ပြုပေးသည် ။ ထို့ကြောင့် ဒီပါ ညဘက်ရောက်လျှင် ဗညားကို မသိမသာမျှော်နေမိသည် ။ ယနေ့လဲ ဗညားက ညဘက်လာမည်ဖြစ်သောကြောင့် ဒီပါ စာဖတ်ရင်း ထိုင်စောင့်နေလိုက်သည် ။ သို့သော် ညကိုးနာရီထိုးသည်အထိ ဗညားက ပေါ်မလာ ။
VOCÊ ESTÁ LENDO
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
Ficção Geralကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့