19

1.2K 33 8
                                    

ရာဇဝင်ထဲက အချစ် ..

ဇာတ်သိမ်းပိုင်း

ခါတိုင်း မနက်သုံးနာရီထိုးသည်နှင့် အိပ်ရာမှထကာ သံဃာတော်များအတွက် အရုဏ်ဆွမ်းချက်ပြုတ်ပေးတတ်သောဒီပါတစ်ယောက် ယနေ့ သာလှနိုးပြီး အချိန်အတော်ကြာသည်အထိ ထမလာသေးသောကြောင့် သာလှ ဒီပါ့ကို စိတ်ပူသွားသည် ။ ယခုနှစ်အတွင်း ဒီပါက မကြာခဏ နာမကျန်းဖြစ်နေတတ်သောကြောင့် သာလှ ဒီပါ နေမကောင်းဖြစ်နေမည်ကို စိုးရိမ်ကာ ကျောင်းအောက်ထပ်ရှိ ဒီပါ့အခန်းဆီသို့ လာခဲ့လိုက်သည် ။ အခန်းရှေ့ရောက်သည်နှင့်

" အစ်ကိုဒီပါ "

ဟု ခေါ်ကာ အခန်းတံခါးကို ခပ်ဖွဖွခေါက်လိုက်သည် ။ သို့သော် အခန်းထဲမှ တုံ့ပြန်မှုမရှိ ။

" အစ်ကို .... ကျွန်တော်သာလှပါ "

သာလှ အခန်းတံခါးကိုခေါက်ရင်း နောက်ထပ်တစ်ခေါက်ထပ်ခေါ်လိုက်သည် ။

🥀 🥀 🥀  🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀🥀

သာလှ စေ့ထားသောအခန်းတံခါးကိုဖွင့်၍ အထဲဝင်လာသောအခါ ဒီပါက ဝင်ပေါက်ကိုမျက်နှာမူကာ လှဲနေသည် ။ သာလှ ဒီပါနေမကောင်းဖြစ်နေသည်ဟုထင်ကာ

" အစ်ကို "

ဟု ခေါ်ပြီး ဒီပါ့နဖူးပေါ် လက်တင်ကြည့်လိုက်သည် ။ ရေခဲတုံးကဲ့သို့ အေးစက်နေသော ဒီပါ့ခန္ဓာကိုယ်ကြောင့် သာလှ လန့်သွားကာ

" အစ်ကို "

" အစ်ကို ဒီပါ "

ဟု ခေါ်လိုက်သည် ။ သို့သော် ဒီပါက ပြန်မတုံ့ပြန် ။ သာလှ အသက်မရှိတော့သော ဒီပါ့ကြည့်ကာ

" အစ်ကိုရာ "

ဟု မချိတင်ကဲရေရွတ်ပြီး ဦးပဇင်းများအားလျှောက်တင်ရန် အခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။

🥀 🥀 🥀  🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀🥀

သာလှ အခန်းထဲမှထွက်၍ ကျောင်းပေါ်တက်ရန် လှေကားဆီသို့ အရောက်တွင် ကျောင်းပေါ်မှ ရေးကြီးသုတ်ပြာနှင့် ဆင်းလာသော ဦးပဇင်းအငယ်ကိုတွေ့ရသည် ။ ထို့ကြောင့် သာလှ လက်အုပ်ချီလိုက်ပြီး

" ဘာများအရေးကြီးကိစ္စရှိလို့လဲ ဘုရား "

ဟု မေးလိုက်သည် ။ သာလှ၏မေးခွန်းအဆုံးတွင် ဦးပဇင်းအငယ်က စိတ်မကောင်းဟန်ဖြင့်

" အရှင်ဓမ္မသာရ ပျံလွန်တော်မူသွားပြီး ဒကာလေး ... အဲ့ဒါ ဒကာဒီပါ့ကိုပြောဖို့လာတာ "

ဟု ပြောသည် ။ ဦးပဇင်းအငယ်၏ စကားကြောင့် သာလှ မျက်လုံးပြူးသွားပြီး

" အစ်ကိုဒီပါလဲဆုံးသွားပြီ ဘုရား .... တပည့်တော် ဒီနေ့မနက် အစ်ကိုဒီပါရောက်မလာလို့ သွားကြည့်တော့ အသက်မရှိတော့ဘူး ဘုရား "

ဟု ပြန်ပြောလိုက်သည် ။ ဦးပဇင်းအငယ်က သာလှစကားကိုနားထောင်ပြီး ခေါင်းညိတ်ကာ

" အင်း .... သတ္တဝါတစ်ခုကံတစ်ခုပဲပေါ့ ဒကာလေးရယ် ... လူဆိုတာ သေမျိုးချည်းပဲ ... စောသေတာနဲ့နောက်ကျသေတာပဲရှိတယ် ... မသေခင် ကုသိုလ်ကောင်းမှုတွေလုပ်ထားမိဖို့က အဓိကပဲ "

ဟု ပြောသည် ။

" တင်ပါ့ ဘုရား "

သာလှ ဦးပဇင်းအငယ်ကိုပြန်ဖြေရင်း ဝဲလာသောမျက်ရည်များကို မျက်တောင်ခတ်ထုတ်လိုက်သည် ။

🥀 🥀 🥀  🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀 🥀🥀

ကြေးစည်သံတစ်ချက်ပေါ်လာသည် ။ ထို့နောက် တံပိုးခရာများ နန်းမြို့ရိုးအတွင်းမှ လျှံထွက်လာသည် ။ ထို့နောက် ခရုသင်းမှုတ်သံများ ။ ထို့နောက် ထိုးစည်သံများ ။ ထိုအသံများ၏အဆုံးတွင် တိုင်းသူပြည်သားများ၏ ငိုရှိုက်သံသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည် ။

" အိမ်ရှေ့စံမင်းသား နတ်ရွာစံသွားပြီ "

" အရှင့်သား နတ်ရွာစံပြီ "

တီးတိုးပြောနေသည့်စကားသံများသည် လူတန်းကြီးနှင့်အတူ လိုက်ပါသွားရင်း တိုးတိတ်သွားသည် ။ လူသံများတိတ်ဆိတ်သွားသည်နှင့် အရှေ့တိုင်းနိုင်ငံတော်၏ နေပြည်တော်မြို့တော်မြို့တော်သည် အရင်အချိန်များကကဲ့သို့ ကျေးငှက်သံများဖြင့် ပြန်လည် စိုပြေလာသည် ။ အရှေ့မှသွားနှင့်သော လူအုပ်ကြီးကမူ အိမရှေ့စံမင်းသား နတ်ရွာစံသွားသည့်အတွက် မျက်ရည်မိုးများ ဖြိုင်ဖြိုင်ရွာလျှက်သာရှိနေသေးသည် ။

။ .... ပြီးပါပြီ .... ။

ချစ်ခြင်းများစွာဖြင့် ...

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Onde histórias criam vida. Descubra agora