ရာဇဝင်ထဲက အချစ် ..
အသက်ရှုလိုက်တိုင်း ရင်ဘတ်ထဲမှ အပ်နှင့်ထိုးဆွနေသကဲ့သို့ နာကျင်နေသောဝေဒနာကြောင့် ဒီပါ အသက်ပင်မရှုချင်တော့ ။ ခန္ဓာကိုယ်က နေမကောင်းရသည့်ကြားထဲတွင် တစ်ခန်းလုံး သမားတော်များ ရံရွေတော်များ၏ ဝင်ထွက်သွားလာသံများဖြင့် ဆူညံနေသည် ။ ဒီပါ
" အကုန်လုံးထွက်သွားကြပါ "
ဟု အော်ထုတ်ပစ်လိုက်ချင်သော်လည်း မျက်လုံးပင် မဖွင့်နိုင်သောကြောင့် အော်ထုတ်ပစ်ရန်မဖြစ်နိုင် ။ ဒီပါ မျက်လုံးပိတ်ကာ ကိုယ့်အာရုံနှင့်ကိုယ် မှိန်းနေစဉ် သမားတော်၏
" အရှင့်သား ... ကျွန်တော်မျိုးပြောတာကြားရရင် လက်လှုပ်ပြပါ "
ဟူသော အသံက ထွက်လာသည် ။ ထို့ကြောင့် ဒီပါ လက်ချောင်းများကို လှုပ်ပြလိုက်သည် ။ ဒီပါ လက်လှုပ်ပြသည်ကိုမြင်သည်နှင့် သမားတော်က လက်ကောက်ဝတ်ကိုယူကာ သွေးခုန်နှုန်းစမ်းကြည့်သည် ။ ထို့နောက်
" အရှင့်သားအခြေအနေက အရမ်းမဆိုးတော့ဘူး ... သက်သာစပြုလာပြီမို့လို့ မကြာခင်သက်သာသွားမှာပါ ... ဒါပေမဲ့ အရမ်းကောင်းနေတာမဟုတ်သေးလို့ ဂရုစိုက်ရပါအုံးမယ် ... စိတ်ဆင်းရဲစရာတွေကို တတ်နိုင်သလောက် မတွေးပါနဲ့ "
ဟု ပြောသည် ။ ပြောပြီးသည်နှင့်
" ကျွန်တော်မျိုး ဆေးပေးခဲ့ပါ့မယ် ... အချိန်မှန်သောက်ပါ "
ဟု ပြောသည် ။
🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄 🍄🍄
" ငါတို့ကိုဒီလိုဖြစ်အောင်လုပ်တာမင်းပေါ့ "
ဗညား တစ်ဖက်ခန်းမှ အရှင်မ၏အသံကို ကြားရသော်လည်း ပြန်မဖြေဖြစ် ။ ဗညားက ပြန်မဖြေသောကြောင့်ထင်သည် အရှင်မက
" မင်းကို မွေးခဲ့တဲ့မယ်တော်ရဲ့မွေးကျေးဇူးကို မင်းဒီလိုဆပ်လိုက်တာပေါ့လေ "
ဟု ပြောသည် ။ အရှင်မ၏စကားအဆုံးတွင် ဗညား ဟက်ကနဲရယ်လိုက်ပြီး
" မွေးကျေးဇူး ... ဟုတ်လား "
ဟု ပြောလိုက်သည် ။ ထို့နောက်
ESTÁS LEYENDO
ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)
Ficción Generalကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့