ရာဇဝင်ထဲက အချစ် ..
ဗညား မိမိပုခုံးပေါ်တွင် ခေါင်းမှီထားသော မင်းသား၏နဖူးကို ခပ်ဖွဖွနမ်းလိုက်သည် ။ စိတ်ထဲမှလဲ
" ကျွန်တော်မျိုးသာ အရှင့်သားနဲ့စောစောကတည်းကတွေ့ခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ ... အခုတော့ အားလုံးနောက်ကျကုန်ပြီ မင်းသားရာ "
ဟု ပြောလိုက်မိသည် ။
" ကျွန်တစ်ယောက်အဖြစ် မွေးဖွားလာရတဲ့ဘဝမှာ သစ္စတရားကသာ အရေးအကြီးဆုံးမို့လို့ အရှင့်သားကြားချင်တဲ့စကားကို ကျွန်တော်မျိုးမပြောနိုင်တာ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ "
ဗညား စိတ်ထဲမှ နာကျင်စွာပြောရင်း မင်းသား၏လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည် ။ ဗညား၏လက်ကို ပြန်လည်ဆုပ်ကိုင်လာသော မင်းသား၏လက်ကို ထာဝရအတွက် ဗညား ဆုပ်ကိုင်ထားလိုသော်လည်း မဖြစ်နိုင် ။
" နောက်ဘဝကျရင်တော့ ကျွန်တော်မျိုးတို့ ဒီလိုဘဝမျိုးမှာ တစ်ယောက်ကိုတစ်ယောက် မတွေ့ကြရအောင်ပါ အရှင့်သား "
အချိန်အတော်ကြာပြီးမှ နန်းပြင်ထွက်ရသောကြောင့် ဗညား ပျော်နေမိသည် ။ ဈေးခြင်းတောင်းကိုကိုင်ကာ ခွန်မောင့်အနောက်မှလိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးမောနေမိသည် ။ ယနေ့ မင်းသား၏မွေးနေ့ဖြစ်သောကြောင့် ခွန်မောင်က စားဖိုဆောင်ရှိလူများကို မချက်ခိုင်းပဲ ကိုယ်တိုင်ချက်မည့်စိတ်ကူးဖြင့် ဈေးဝယ်ရန် မြို့ထဲရှိဈေးသို့ ဗညားကိုအဖော်ခေါ်ကာ ထွက်လာခဲ့ခြင်းဖြစ်သည် ။ ဗညားတို့ မနက်မိုးသောက်ကတည်းက နန်းတော်မှထွက်လာခဲ့ကြခြင်းဖြစ်သော်လည်း နေမွန်းတည့်ကာနီးအချိန်အထိ ဈေးဝယ်၍မပြီးသေး ။ ခွန်မောင်က တဖြည်းဖြည်းပူလာသော နေလုံးကြီးကိုမော့ကြည့်၍
" ငါတို့ခဏနားကြရအောင် ... ပြီးမှဆက်ဝယ်ကြမယ် ... ဟိုရှေ့ကစားသောက်ဆိုင်မှာထိုင်မယ် "
ဟု ပြောသည် ။ ထို့ကြောင့် ဗညား ခေါင်းညိတ်လိုက်ပြီး
" ကောင်းပြီ အစ်ကို ... ဒီတေါင်းကိုထားပြီး အစ်ကိုသွားနှင့် ... ကျွန်တော်သယ်လာခဲ့မယ် "
VOCÊ ESTÁ LENDO
ရာဇဝင်ထဲက အချစ် ... / ရာဇဝင်ထဲက အချစ် ... (14)
Ficção Geralကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့ ကြိုတောင်းပန်ချင်ပါတယ်နော် ... မြန်မာနန်းတွင်းဇာတ်လမ်းကို အခုမှရေးဖူးတာမို့လို့ အမှားအယွင်းရှိရင် နားလည်ပေးကြပါလို့