13

248 22 0
                                    

ရာဇဝင်ထဲက အချစ် ..

" ရော့ .... ဒါမင်းအတွက် "

ဟု ဆိုကာ အမွှေးအိတ်တစ်ခုကို လက်ထဲထည့်ပေးလာသော မင်းသားကို ဗညား ပြုံးပြလိုက်ပြီး

" ကျေးဇူးတင်ပါတယ် မင်းသား "

ဟူ၍ ပြောလိုက်သည် ။ မင်းသားက ဗညားကို ဘာမှထပ်မပြောတော့ပဲ ဖျဉ်စပေါ်တွင် အာရုံပြန်စိုက်နေသည် ။ ထို့ကြောင့် ဗညားလဲ အလိုက်တသိဖြင့် မင်းသားအနားတွင် ရပ်နေလိုက်သည် ။ အချိန်အတော်ကြာသောအခါမှ မင်းသားက စုတ်တံကို ခုံပေါ်တင်လိုက်ပြီး

" ဒီနေ့တော့ ဒီလေါက်ပဲ ... ပြန်ကြရအောင် "

ဟု ပြောသည် ။ ထို့ကြောင့် ဗညား

" ကောင်းပါပြီ အရှင့်သား "

ဟု ပြော၍ မင်းသား၏ပစ္စည်းများကိုသိမ်းရန် ပြင်လိုက်သည် ။ ပစ္စည်းသိမ်းရန် မင်းသားအနားသို့ ဗညားအသွားနှင့် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သော မင်းသားတို့ တိုက်ဆိုင်စွာဖြင့် နဖူးချင်းဆောင့်မိသွားသည် ။ ဗညားဆောင့်မိသည့်အရှိန်က ပိုပြင်းမည်ဟုထင်ရသော်လည်း မင်းသားက ဆောင့်မိသွားသောနဖူးကို လက်ဖြင့်အုပ်ကာ

" အ ... နာလိုက်တာ "

ဟု ညည်းသဖြင့် ဗညား ကိုယ့်ကိုယ်ကိုယ်မေ့ပြီး မင်းသားဆီသို့ စိတ်ရောက်သွားသည် ။

🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈 🦈🦈

ဆောင့်မိသည်မှာ အချိန်မကြာသေးသော်လည်း နီရဲကာ ချက်ချင်းဖုထလာသော မင်းသား၏နဖူးကိုကြည့်ကာ ဗညား စိတ်ပူသွားသည် ။

" ဘုတောင်ထွက်လာပြီ ... အရမ်းနာတော့မှာပဲ မင်းသားရာ "

ဗညား စိုးရိမ်စွာပြော၍ နဖူးကိုအုပ်ထားသော မင်းသား၏လက်ကို အသာဖယ်လိုက်သည် ။ ထိုအခါ ဗညားကို မော့ကြည့်လာသော ညှို့ဓာတ်အပြည့်ရှိသည့် မင်းသား၏မျက်ဝန်းအစုံကို ဗညား ရင်ဆိုင်မိသည် ။ ဗညား ထိုမျက်ဝန်းတို့ထံမှ အကြည့်လွှဲရန် ကြိုးစားသော်လည်း မအောင်မြင် ။ မင်းသားက ကြောင်အအဖြင့်ရပ်နေသော ဗညား၏ခါးကို အသာဖက်သည် ။ ထို့နောက် ပိတ်ထားသော ဗညား၏နှုတ်ခမ်းတို့ကို ခပ်ဖွဖွလေး စတင်နမ်းရှိုက်သည် ။ ပြီးခဲ့သည့်အကြိမ်က ဗညားကပင် ဦးဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ယနေ့ မင်းသားဘက်မှအရင်စလာသည်ကို ဗညား မယုံကြည်နိုင်သေး ။ သို့သော် မင်းသားက ဗညားတွေးတောနေချိန်မရအောင် အနမ်းတို့ကို ပေးနေသဖြင့် ဗညား မင်းသား၏လည်ပင်းကိုပြန်ဖက်ကာ မင်းသား၏အနမ်းတို့ကို တုံ့ပြန်လိုက်သည် ။

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Where stories live. Discover now